အခန်း (၁၀၀)

8.5K 898 5
                                    

Unicode

Huo YanXiao ၏မျက်နှာအမူအရာမှာ ငြိမ်သက်နေဆဲဖြစ်သော်လည်း ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဘဲ အနည်းငယ်အံ့သြသွားသည့် အရိပ်အယောင်များကို သူ၏မျက်ဝန်းများတွင် တွေ့လိုက်ရသည်။ သို့သော် ချက်ချင်းဆိုသလို သူ့ထံမှ စကားသံအချို့ထွက်လာသည်။

"ဒီအကြောင်းကို သိချင်နေကြတာလား။"

သူတို့အား ဝိုင်းထားသည့် သတင်းထောက်များအားလုံး ခေါင်းညိတ်ပြကြကာ Huo YanXiao ဆီမှအဖြေကို သိချင်စိတ်များက တားမရအောင် ဖြစ်နေတော့သည်။

Huo Yanxiao နှင့်ပတ်သက်လာလျှင် စီးပွားရေးအကြောင်းများမှလွဲ၍ မည်သည့်သတင်းမှထွက်လေ့မရှိသဖြင့် ယခုကဲ့သို့ သူ၏ ချစ်ရေးချစ်ရာကိစ္စက အထူးသတင်းတစ်ပုဒ်ဖြစ်သွားနိုင်သည်။ ထို့ပြင် အတိတ်တွင် Huo Yanxiao ၌ ချစ်သူ၊ ရည်းစားပင် မဆိုထားနှင့်၊ မိန်းမကိစ္စနှင့်ပတ်သတ်သည့် ကောလာဟလသတင်းများပင် လုံးဝမရှိခဲ့ပေ။

ထို့ကြောင့် သူနှင့် သွေးသားတော်စပ်ခြင်းမရှိသည့် Nie AnAn နှင့် တစ်အိမ်တည်းတွင် အတူနေထိုင်ရာမှ မည်သို့ခံစားချက်များက အစပျိုးလာခဲ့သည်ကို သတင်းထောက်များက သိချင်နေကြပြီဖြစ်သည်။

ထို့ပြင် အလုပ်ကိစ္စမှလွဲ၍ မည်သည်ကိုမှ စိတ်မဝင်တတ်စားသည့် Huo Yanxiao အနေဖြင့် ယခုအသက်အရွယ်ရောက်လာသည့်တိုင် တစ်ကိုယ်တည်း လူပျိုကြီးဘဝဖြင့် အေးအေးလူလူ ဖြတ်သန်းလာခဲ့သူ ဖြစ်သည်။

ကင်မရာဘက်သို့ မျက်နှာမူလိုက်ချိန်၌ Huo YanXiao ၏လက်များက သူမ ကိုယ်လေးအား ဖက်ထားဆဲပင်ဖြစ်သည်။

"ကျွန်တော် တစ်ခါတုန်းက ဝိုင်သောက်တာများသွားတော့ ခေါင်းမထောင်နိုင်အောင် အမူးလွန်ပြီး အိမ်ပြန်ရောက်သွားတယ်။

ထိုသို့ ပြောရင်း အတိတ်ကို ပြန်ပြောင်းစဉ်းစားမိသဖြင့် သူ၏အကြည့်များက အဝေးတစ်နေရာသို့ ငေးကြည့်နေလေသည်။ သူ့ဘဝတစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုယ်သာ အားကိုးခဲ့ရသည်၊ ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်ခဲ့ရသည်။

သို့သော် ထိုနေ့ညက အမူးလွန်နေသည့်သူ့ကို Nie AnAn ပြုစုစောင့်ရှောက်ပေးခဲ့သည်။ သူမ အနေဖြင့် မည်သို့ပြုစုရမည်ကို သေသေချာချာ မသိသော်လည်း အနည်းဆုံးတော့ သူ့အား ရေတစ်ခွက်တိုက်ခဲ့မည် ဖြစ်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now