အခန်း (၁၀၆)

7.1K 683 0
                                    

Unicode

'H' မြို့တွင် အပန်းဖြေရိပ်သာဖွင့်လှစ်မည့် စီမံကိန်းမှာ Qin Hai ပြောထားသည့်အတိုင်းပင် ခက်ခဲပင်ပန်းပြီး ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲရန်လိုအပ်သည်။ ထိုကြောင့် 'H' မြို့သို့ Huo YanXiao ရောက်ပြီးသည်နှင့်ချက်ချင်း အလုပ်ထဲတွင်သာ သူ၏စိတ်အာရုံများကို နှစ်ထားလိုက်တော့သည်။

ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသကဲ့သို့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာတော့သည်။ စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများကိုလည်း ရုပ်မြင်သံကြားနှင့် သတင်းမီဒီယာများက အမြဲဖော်ပြလေ့ရှိသည်။ 

လ၀က်ကျော်ကြာလာသည့်အခါ ထိုလုပ်ငန်းကြီးပြီးဆုံးတော့မည်ဖြစ်၍ မကြာခင်အချိန်အတွင်း၌ အပန်းဖြေရိပ်သာကို တရားဝင်ဖွင့်လှစ်နိုင်မည်ဖြစ်ကာ ပြည်သူလူထုထံ ချပြခွင့်ရတော့မည်။

Huo YanXiao မှာ လုပ်ငန်းကိစ္စများကြောင့် မအားလပ်အောင် အလုပ်များနေရသော်လည်း နေ့လည်တိုင်း Nie AnAn အား ဖုန်းခေါ်လေ့ရှိသည်။ အကယ်၍ အလုပ်မှ ဟိုတယ်သို့စောစော ပြန်ရောက်သည့်နေ့များဖြစ်ပါက ဗီဒီယို call ဖြင့် နှစ်ယောက်သား စကားပြောဖြစ်ကြသည်။

Huo YanXiao ခရီးထွက်သွားသည့် အစောပိုင်းရက်များ၌ သူ၏ လုံခြုံရေးအတွက် Nie AnAn စိုးရိမ်စိတ်ပူနေခဲ့ရသည်။ သို့သော် သူနှင့် နေ့တိုင်းဖုန်းပြောရင်း သူ၏ နေ့စဉ်လှုပ်ရှားမှုများကို သိလာရသည့်အခါ တဖြည်းဖြည်း စိတ်သက်သာရာ ရသွားသည်။

ယခုကဲ့သို့ Qin အုပ်စု၏ လုပ်ငန်းများကို Huo YanXiao ကိုယ်တိုင် အောင်မြင်စွာ တာ၀န်ယူဆောင်ရွက်နေပြီဖြစ်၍ Qin ကတော်နှင့် Qin ZiMing တို့ဘက်မှ စောစောစီးစီး လက်လျှော့သွားရန် Nie AnAn မျှော်လင့်နေမိသည်။

အစောပိုင်း၌ ဆွဲထားသည့် အစီအစဉ်များအရ 'H' မြို့မှ Qin အုပ်စု၏ အပန်းဖြေရိပ်သာ စီမံကိန်းအား တရား၀င်ဖွင့်လှစ်မည့်နေ့တွင်ကျင်းပမည့် ဖဲကြိုးဖြတ်အခမ်းအနား၌ မိတ်ဖက်လုပ်ငန်းရှင်များနှင့်အတူ Huo YanXiao တက်ရောက်မည်ဖြစ်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Donde viven las historias. Descúbrelo ahora