အခန်း (၄၅)

11.3K 1.3K 16
                                    

Unicode

Nie AnAn အိပ်ရာမှနိုးလာသည့်အခါ မိုးစင်စင်လင်းနေပြီဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံး သက်ဝင်လှုပ်ရှားနေပြီ ဖြစ်သည်။ အိမ်ဝန်းထဲမှ မြက်ခင်းပြင်ကြီးမှာ နွေအလယ်၌အတိုးချကာ ရွာခဲ့သည့်မနေ့ညကမိုးကြောင့် စိမ်းလန်းစိုပြည်နေသည်။

သူမ အခန်းရှိရာသို့ မည်သို့မည်ပုံ ပြန်ရောက်ခဲ့သည်ကိုပင် မမှတ်မိတော့ပေ။ နောက်ဆုံးသတိရလိုက်သည်မှာ Huo YanXiao အနား၌ ငြိမ်သက်စွာထိုင်၍ သူ့အား အဖော်ပြုခဲ့ခြင်းသာ ဖြစ်တော့သည်။

စိတ်ဓာတ်ကျကာ မျက်နှာညှိုးငယ်နေသည့် သူ၏ပုံကို မနေ့ည၌ သူမ ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းဖြစ်သည်။ ထိုကဲ့သို့ မြင်ရသည့်အခါ သူမ ရင်ထဲ၌ ဖော်မပြနိုင်သော နာကျင်မှုတစ်ချို့ကို ခံစားလိုက်ရသည်။ ထို့ကြောင့် ရှုပ်ပွနေသည့် သူမ ဆံပင်များကိုပင် ဂရုမစိုက်အားတော့ဘဲ အိပ်ရာမှနိုးလာသည်နှင့်ချက်ချင်း ဖိနပ်ကို ကပျာကယာကောက်စီးကာ Huo YanXiao အခန်းဆီသို့ ပြေးထွက်လာခြင်း ဖြစ်သည်။

မနက်ခင်းတိုင်း စောစောထလေ့ရှိသည့် Huo YanXiao တစိယောက် အိပ်ရာမှနိုးနေပြီဖြစ်သည်။

"ကိုကြီး"

သူ၏ အခန်းတံခါးတစ်ဝက်မှာ ဟ,ထားသဖြင့် အထဲကို လှမ်းမြင်နိုင်သည်။ ထို့ကြောင့် သူ့နာမည်လှမ်းခေါ်ကာ တံခါးခေါက်ပြီးသည့်နောက် အခန်းထဲသို့ဝင်လိုက်သည်။

အခန်းထဲမှ ပြတင်းပေါက်မှာ ဖွင့်လျက်သားရှိနေပြီး အနားတွင် လူတစ်ယောက်ရပ်နေလေသည်။ ထိုနေရာမှ လတ်ဆတ်အေးမြသည့် လေပြေလေညင်းနှင့်အတူ မနက်ခင်းဆည်းဆာအလှကိုပါ ငေးမောရှုစားနိုင်ပြီး နေရောင်အောက်တွင်ရပ်နေသည့်သူ့ကို တွေ့ရလေသည်။

သူ့နံဘေးတွင် အဝတ်ဗီရိုကြီးတစ်ခု ရှိနေကာ အလုပ်သွားရန်အတွက် အဝတ်စားလဲပြင်ဆင်နေခြင်းဖြစ်သည်ကို တွေ့နိုင်သည်။ ရိုးရိုးရှင်းရှင်း ဒီဇိုင်းများကိုသာ နှစ်သက်လေ့ရှိသည့်သူ့အနေဖြင့် ခါတိုင်းဝတ်နေကျကဲ့သို့ပင် အနက်ရောင်ရှပ်အင်္ကျီကို ရွေးချယ်ထားသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Wo Geschichten leben. Entdecke jetzt