အခန်း (၇၆)

9.7K 1.2K 146
                                    

Unicode

ထို့နောက် Nie ပါးပါးမှာ အချိန်မဆွဲတော့ဘဲ Qin Hai အား

"ဟေး သူငယ်ချင်း ... မင်းလည်း ငါ့ကို ဂုဏ်ပြုရဦးမယ်ထင်တယ်နော်။..."

သူစကားမဆုံးသေးခင်မှာပင် Qin Hai တစ်ယောက် Nie AnAn ကိုကြည့်ကာ ပြုံးပြရင်း

"ဒါက... ChengFeng ရဲ့ ချစ်သူမိန်းကလေး ဖြစ်မယ်ထင်တယ်။ ကလေးမလေးက ချစ်စရာလေးပါ။"

Nie မိသားစုနှင့် နှစ်ကိုယ်ကြားပြောနေခြင်းသာဖြစ်သော်လည်း ကျန်ဧည့်သည်များအားလုံးက Nie ပါးပါး ဘာပြန်ပြောမည်ကို စိတ်ဝင်တစား စောင့်နေကြတော့သည်။

Nie ပါးပါး တစ်ယောက် ခပ်ကြွားကြွားပြုံးပြီး

"သမီးအရင်းက ချွေးမတစ်ယောက်ရတာထက် ပိုကောင်းတယ် မဟုတ်ဘူးလား။ မင်းဘက်မှာ Huo YanXiao ကို ပြန်တွေ့သလို ငါကလည်း နှစ်အတော်ကြာက ပျောက်သွားတဲ့ သမီးလေးနဲ့ ပြန်တွေ့ခွင့်ရတာကွ။"

ထိုသို့ပြောပြီးနောက် Nie AnAn ကို လက်လှမ်းပြလိုက်သည်။

"သမီး၊ ဒီကိုလာပါဦး။"

သူမ ခေါင်းညိတ်ပြကာ တွဲထားသည့်အစ်ကိုဖြစ်သူ၏လက်ကို လွှတ်လိုက်ပြီးနောက် Nie ပါးပါး ရပ်နေသည့်နေရာသို့ လျှောက်သွားလိုက်သည်။

"Qin Hai၊ ငါ့သမီး AnAn ကို ပြန်တွေ့ပြီဆိုတဲ့အကြောင်းကို ဒီနေရာမှာရောက်လာသူတွေအားလုံးဆီ တစ်ခါတည်း ကြေညာလိုက်မယ်ဆိုရင် ပိုမကောင်းသွားဘူးလား။"

ထိုသို့ပြောပြီးသည်အခါ စောစောက စကားပြောသံများဖြင့် ဆူညံနေသည့် ပွဲခင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားတော့သည်။

ထိုအချိန်၌ သတိပြန်ဝင်လာသူတစ်ဦးက အံဩတကြီးဖြင့်

"ဟာ... Mr. Nie ၊ လွန်ခဲ့တဲ့ ၁၈နှစ်ကျော်လောက်တုန်းက ပြောခဲ့တာက ခင်ဗျားရဲ့သမီးလေး..."

"သိပ်ဟုတ်တာပေါ့ဗျာ။ ကျွန်တော်တို့လည်း အဲ့ဒီလိုပဲ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အခုလို အံ့ဩစရာကောင်းတဲ့ကိစ္စတွေလည်း ကမ္ဘာပေါ်မှာ ရှိနေသေးတယ်လေဗျာ။"

ဟူ၍ပြန်ဖြေကာ Huo YanXiao ကို အဓိပ္ပါယ်ပါပါလှမ်းကြည့် လိုက်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now