"Minnie လမ်းထိပ်က martမှာ ခေါက်ဆွဲထုပ်သွားဝယ်ပေးပါအုံး အိမ်မှာကုန်နေပြီ"မီးဖိုချောင်မှာ မနက်စာပြင်ဆင်နေတဲ့ အစ်ကိုက အိမ်ရှေ့ခန်းမှာထိုင်နေတဲ့ ညီဖြစ်သူကိုလှမ်းပြောလိုက်သည်။
"ဟုတ်ကဲ့ hyung ကျွန်တော်သွားလိုက်မယ်"
"မြန်မြန်ပြန်လာနော်"
"ဟုတ်..."
................................................
လမ်းထိပ်က Martကို သီချင်းလေးတညီးညီးနဲ့လမ်းလျှောက်သွားနေတဲ့ Park Jiminဆိုတဲ့အထက်တန်းကျောင်းသားလေး။ Busan ဇာတိဆိုပေမယ့် သူ့အဖေရဲ့အလုပ်ကိစ္စတွေကြောင့် Seoulကိုပြောင်းခဲ့တာသိပ်မကြာသေးပေ။ Seoulမှာပဲ မပြီးဆုံးသေးတဲ့အထက်တန်းနောက်ဆုံးနှစ်ကို ဆက်တက်နေသည်။ သူ့အဖေက Park လုပ်ငန်းစုကိုစတည်ထောင်နေဆဲပင်။ မိဘတွေက သူတို့ရဲ့ညီမဖြစ်သူအိမ်မှာနေကြတာဆိုပေမယ့် သူကတော့သူ့အစ်ကိုနဲ့အတူနေလေသည်။
Park Yi Jun ဆိုတဲ့ Jiminရဲ့အစ်ကိုက Seoulမှာ အလုပ်လုပ်ရင်းနေတာကြာပြီမို့ တိုက်ခန်းလေးတစ်ခုကိုတောင်ဝယ်နိုင်ပြီဖြစ်သည်။ Yi Junရဲ့အိမ်မှာ Jiminအပြင် ညီအစ်ကိုတစ်ဝမ်းကွဲတော်စပ်တဲ့ Jung Hoseok ပါအတူလာနေလေသည်။ ညီအစ်ကိုတွေတစ်အိမ်ထဲစုနေကြခြင်းမျိုးပေါ့။
ခါတိုင်း Yi Jun က Seoulမြို့သားဖြစ်တဲ့ Hoseokကိုသာ ဈေးဝယ်ထွက်ခိုင်းပေမယ့် အခု Hoseok မရှိတာမို့ Jiminကိုခိုင်းလိုက်ရခြင်းသာ။ Seoulနဲ့သိပ်မရင်းနှီးသေးတဲ့ သူ့ညီကိုစိတ်မချတာတော့အမှန်။
....................................................
Jiminတစ်ယောက် Martကနေပြန်အလာ သူတို့နေတဲ့အဆောက်အအုံနားရောက်ခါနီး လူနှစ်ယောက်က သူ့ကိုဖမ်းခေါ်သွားလေသည်။
Jiminလည်းအလန့်တကြားဖြစ်သွားကာ
"ဟင်!! ဘာလုပ်တာလဲ ဖယ်!! မင်းတို့ဘယ်သူတွေလဲ ဖယ်!!"
အော်ဟစ်ရုန်းဆန်လေတော့ ဝယ်လာတဲ့ခေါက်ဆွဲခြောက်ထုပ်တို့က မြေပြင်ပေါ်ကျကုန်သည်။
YOU ARE READING
Daddy's sweetheart ( rewriting )
Fanfiction#Uni - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး #ZG - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး