လူနည်းပြီးတိတ်ဆိတ်တဲ့ Restaurantတစ်ခုရဲ့ ထောင့်စွန်းစွန်းစားပွဲမှာနေ့လည်စာစားနေကြတဲ့ Yoongi နဲ့ Namjoon။စားရင်းသောက်ရင်းစကားတွေကလည်းဖောင်ဖွဲ့လျက်
"အဲ့တော့ မင်းကအထိုးခံလိုက်ရတယ်ပေါ့ ဟားဟားဟား"
"အထိုးလည်းခံရသင့်ပါတယ် ငါကဖက်လိုက်တာကိုးး"
"ငါမဟုတ်မှန်း မင်းကမသိဘူးလား"
"ငါလည်းမင်းကိုစချင်စိတ်ကများနေတာမို့ သေချာမကြည့်လိုက်မိဘူး အဲ ပုခုံးကျယ်နေမှန်းတော့သတိထားမိတယ် Seokjin Hyungလက်ဆကတော်တော်ပြင်းတယ်နော်
အားးကျွတ်စ် ကျွတ်စ် ငါ့နှုတ်ခမ်းထောင့်ကစပ်နေတုန်းပဲ"ကွဲသွားတဲ့နှုတ်ခမ်းစပ်ကိုလက်နဲ့ခပ်ဖွဖွတို့ထိရင်းညီးတွားနေတဲ့သူငယ်ချင်းဖြစ်သူကြောင့်Yoongi"ခွီးး"ကနဲရီမိပါသည်။
"သူက Jin Hyungမှန်းမင်းဘယ်လိုသိလဲ"
"မင်းငါ့ကိုပြောပြထားတဲ့ပုံစံတွေကြောင့်ငါသိသွားတာ အစကတော့ငါလည်းရှော့ခ်ရသွားတာ ပြန်ထိုးမယ်ပေါ့ ဒါပေမယ့် စိုးရိမ်သလိုဖြစ်နေတဲ့Hyungမျက်နှာလေးကြောင့်ဒေါသထွက်ဖို့မပြောနဲ့ ရှိနေတဲ့အသိစိတ်တောင်ပျောက်ချင်သလိုလို
Hyungကအတော်ချောတာဟ""အံမယ် Jin Hyungကြားရင်မင်းကိုကျေးဇူးတင်လွန်းလို့လာဖက်နေပါအုန်းမယ်"
"ဖက်လည်းဖက်ပါစေပေါ့ ငါကငြိမ်ခံနေမှာ"
ပါးချိုင့်တွေခွက်ဝင်နေအောင်ပြုံးပြီးပြောနေတဲ့သူငယ်ချင်းဖြစ်သူကြောင့်Yoongiမှာမျက်ခုံးတွေကပင့်ပြီးသား။
"Yoongi မင်းကအတွင်းရေးမှူးနှစ်ယောက်ရှိတာလား"
"အေးလေ Jin Hyungကအရင်ကတည်းကငါ့အတွင်းရေးမှူး Yi Jun က လက်ထောက် နောက်ပိုင်းမှခန့်ထားတာ
Hyungတစ်ယောက်ထဲအလုပ်တွေကမနိုင်လို့လေ""ကောင်းပါတယ် ဒါနဲ့လက်ထောက်အတွင်းရေးမှူးက မင့်ကလေးရဲ့အစ်ကိုပေါ့"
"အေး မင်းဘယ်လိုသိ"
"ခုနကရုံးခန်းမှာမင်းပြောနေတာကြားလို့လေ ဟိုချာတိတ်လေးက မင်းcrushလေးပေါ့ ချစ်စရာလေးပဲ"
YOU ARE READING
Daddy's sweetheart ( rewriting )
Fanfiction#Uni - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး #ZG - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး