#5 💛

4K 375 39
                                    

Jimin စျေးသွားဝယ်တာ တော်တော်နှင့်ပြန်မလာတာမို့ Yi Jun စိတ်ပူလာပြီးဖုန်းဆက်လိုက်သည်။ အိမ်ရှေ့စားပွဲပေါ်ဆီကမြည်လာတဲ့ ringtoneသံကိုကြားတော့

"ကျစ်!! ဒီကလေး ဖုန်းကိုယူမသွားဘူး"

အဲ့အချိန်မှာပဲ အပြင်သွားနေတဲ့ Hoseok ပြန်ရောက်လာလေသည်။

"Hyung ဘာဖြစ်နေတာလဲ တစ်ခုခုကိုစိုးရိမ်နေသလိုဘဲ Jiminရော"

"Jimin ပျောက်သွားလို့"

"aww ဟုတ်လားး ဟင်....! Jiminပျောက်သွားလို့...."

"ဟုတ်တယ် လမ်းထိပ်က Martမှာစျေးသွားဝယ်ခိုင်းတာ အခုထိပြန်မလာသေးဘူး"

Hoseok လည်း စိတ်ပူနေတဲ့ Hyungကို ကြည့်ပြီးသက်ပြင်းချလိုက်ရင်း Jimin ဘာမှမဖြစ်ဖို့ဆုတောင်းလိုက်သည်။

Yi Jun ခေါ်ထားတာမို့ မကြာခင်မှာပဲ သူတို့မိဘတွေရောက်လာလေသည်။

"သား မင့်ညီဘယ်ချိန်ထဲကထွက်သွားတာလဲ "

"ခုနှစ်နာရီခွဲလောက်ပါ Appa"

"အင်း ခုကိုးနာရီထိုးနေပြီ အငယ်ကောင်ဘယ်များသွားနေတယ်မသိဘူး"

"ဘယ်မှမသွားလောက်ပါဘူး Appa Minnieက Seoul ကိုရောက်တာမကြာသေးဘူးလေ သူသွားတတ်မှာမဟုတ်ဘူး ကျွန်တော့်အထင် တစ်ယောက်ယောက်က ခေါ်သွားတာဖြစ်လိမ့်မယ်"

"ဖေကြီးရေ ကျွန်မသားလေးတော့ဘယ်သူတွေခေါ်သွားပြီလဲမသိဘူး ဟင့်..ဟီး..အီး..သားလေးဘာမှမဖြစ်ပါစေနဲ့"

Yi Junရဲ့စကားအဆုံး Mrs.Park က တအိအိနဲ့ငိုလေသည်။ Mr.Parkကတော့ သူ့မိန်းမကိုနှစ်သိမ့်ပေးနေသည်။

"ဘာမှမဖြစ်ပါဘူးမိန်းမရာ..သားလေးကအိမ်ပြန်ရောက်လာမှာပါ"

Hoseokက "သူငယ်ချင်းတွေနဲ့တွေ့နေလို့များလား"ဟုဝင်ပြောမလို့လုပ်ပေမယ့် မပြောတော့ပဲ အခြေအနေကို ဘေးကနေဒီတိုင်းထိုင်ကြည့်နေတော့သည်။

ထိုစဥ်ဖုန်းဝင်လာလေသည်။ အမည်မသိနံပါတ်တစ်ခု။ Yi Jun လည်းတွေဝေခြင်းမရှိကိုင်လိုက်လေသည်။ သူ့ညီလေးနဲ့ပတ်သက်နေမည်ကများသည်မလား။ အားလုံးကလည်းသူ့ကိုကြည့်နေကြသည်။

Daddy's sweetheart ( rewriting )Where stories live. Discover now