#11 💛

2.3K 219 92
                                    

ဆေးရုံကုတင်ပေါ်မှာလှဲလျောင်းနေတဲ့Jungkook။ဒဏ်ရာအရှိန်ကြောင့်အခုထိသတိမရသေးပေ။

Taehyungတို့လည်းပွန်းပဲ့ရုံရခဲ့တဲ့ဒဏ်ရာတွေကိုဆေးထည့်ပြီး‌Jungkookရဲ့ဘေးနားမှာစောင့်နေကြသည်။Hoseokကိုတော့စစ်ဆေးစရာရှိတာကြောင့်‌ရဲစခန်းကလာခေါ်သွားသည်။Taehyung နဲ့ Jiminကိုလည်းခေါ်ပေမယ့် Taehyung က Jungkook သတိရမှသွားမယ်လို့ပြောတာကြောင့်ကျန်ရစ်ခဲ့ခြင်းသာ။

အချိန်တစ်ခုအရောက်
ခန္ဓာကိုယ်ကိုလူးလွန့်ရင်းသတိရလာတဲ့‌Jungkook။သတိထားမိသွားတဲ့Jiminက Bodyguardကိုဆရာဝန်သွားခေါ်ဖို့ပြောလိုက်သည်။သူကTaehyungဘေးနားမှာရှိပေးနေဖို့လိုသည်မလား။

"လူနာကစိုးရိမ်စရာမရှိတော့ပါဘူး ဒဏ်ရာကသိပ်မနက်လို့တော်သေးတယ် ဒါပေမယ့်ဒဏ်ရာကျက်မယ့်အချိန်ထိဆေးရုံမှာပဲကုသမှုခံယူစေချင်ပါတယ် စိတ်ချရအောင်လို့ပါ ဒါပါပဲ"

"ဟုတ်ကဲ့ပါ Dr."

ကုတင်ခေါင်းရင်းဘောင်ပေါ်ကျောမှီထားရင်းထိုင်နေတဲ့ Jungkook ကဆရာဝန်ကိုခေါင်းညိမ့်ပြရင်းပြောလိုက်သည်။

ဆရာဝန်လည်းထွက်သွားရော Taehyung ကJungkook ကိုပြေးဖက်လေသည်။Jiminနဲ့ Bodyguardကတော့ အလိုက်သိစွာ အခန်းအပြင်ကိုထွက်သွားကြသည်။အားနဲ့ဖက်လိုက်မို့ Jungkook ရဲ့ဒဏ်ရာကဆစ်ခနဲ

"အာ့!Hyung"

အလန့်တကြားဖြစ်သွားတဲ့ Taehyungက
Jungkookကိုဖက်ထားတာ အနည်းငယ်ဖြေလျော့ပေးလိုက်သည်။

"ဟင့်..တောင်းပန်ပါတယ် Jungkook..ဟင့်"

"Hyung ငိုနေတာလား"

သူ့ကိုအတင်းဖက်ထားတဲ့ Hyung ကိုယ်လုံးလေးကိုဆွဲထုတ်ပြီး ငိုနေလားဆိုတာကြည့်မလို့လုပ်ပေမယ့် Hyung ကအကြည့်မခံပေ။

"ဟင့်... Jungkook...ငါ ငါ ကြောက်သွားခဲ့တာ မင်း...ဟင့်...မင်းက ငါ့ကိုပစ်ထားခဲ့ပြီလားလို့လေ ဟင့်~~"

"Hyungရယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး
စိတ်မပူပါနဲ့ ကျွန်တော်က Bodyguardလေ Hyungကိုကာကွယ်ပေးရင်း ထိခိုက်မိတာတွေရှိမှာပေါ့ မစိုးရိမ်ပါနဲ့"

Jungkook ဒီလိုသာနှစ်သိမ့်ပေးနိုင်သည်။Hyung ကသူ့ကိုပစ်ထားခဲ့မှာစိုးရိမ်နေတာ။တစ်နေ့ကျ ကျွန်တော်က Hyungကို ပစ်ထားချင်ထားခဲ့နိုင်တာမို့ အဲ့တာနဲ့ပတ်သက်ပြီးတော့,တော့ ကတိမပေးနိုင်ဘူး Hyung ရယ်.....

Daddy's sweetheart ( rewriting )Where stories live. Discover now