ကားပေါ်ကဆင်းဆင်းချင်း မြင်လိုက်ရတဲ့အရာတွေကြောင့် Jimin ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ မျက်စိရှေ့မြင်နေရတဲ့အိမ်ကြီးက စံအိမ်တမျှလှပကာ ခမ်းနားလွန်းလှသည်။
"သခင်လေး အိမ်ထဲဝင်ပါ"
ခုနကကားဖွင့်ပေးတဲ့သူကပဲပြောကာ ရှေ့ကနေဦးဆောင်ပြီး အိမ်ထဲဝင်သွားလေသည်။ Jiminလည်း နောက်နေလိုက်သွားလိုက်သည်။ အိမ်ကြီးထဲကိုရောက်တော့လည်း Jimin မှာ အံ့ဩမှုကြောင့် နှုတ်ကနေ "wow" ဆိုပြီးဖြစ်ရပြန်သည်။ အိမ်ကြီးထဲမှာရှိတဲ့အသုံးအဆောင်ပစ္စည်းတွေက Jimin ခန့်မှန်းရသလောက်တော့ အားလုံးတန်ဖိုးကြီးပစ္စည်းတွေပင်။
Jiminလည်း ခုနကလူညွှန်ပြတဲ့နေရာမှာထိုင်နေလိုက်သည်။ သူ့ဘေးနားမှာလည်း Bodyguardလိုပုံစံမျိုးနဲ့လူအချို့က ရပ်စောင့်နေကြသည်။
*ဖမ်းခေါ်လာရင် ဇာတ်ကားတွေထဲမှာဆိုဂိုဒေါင်ပျက်တို့အိမ်အဟောင်းတို့မှာမလား ငါ့ကိုကျ ဘာလို့ဒီလိုခမ်းနားတဲ့အိမ်ကို ခေါ်လာပါလိမ့်*
Jimin အိမ်ကြီးကိုလျှောက်ငေးကြည့်ရင်း နားမလည်တဲ့ကိစ္စတွေကိုစဥ်းစားနေသည်။ ထိုအချိန် အိမ်အပေါ်ထပ်ကနေ စကားသံတွေကြားလို့ လှေကားထိပ်ကိုမော့ကြည့်လိုက်မိတော့
Long coatအနက်ကို အဖြူရောင်ဆွယ်တာခံပြီးဝတ်ဆင်ထားသည့်လူတစ်ယောက်။ သက်လတ်ပိုင်းလောက်လို့ထင်ရပေမယ့် ဆံပင်ကိုအဖြူရောင်ဆိုးထားတဲ့ထိုလူက တစ်မျိုးကြည့်ကောင်းနေလေသည်။ လှေကားပေါ်ကနေစတိုင်လ်ကျကျဆင်းလာတဲ့ ထိုလူကို Jimin မှင်သက်စွာငေးမောနေမိသည်။ လှေကားပေါ်ကနေဆင်းလာပြီး လျှောက်လာတဲ့နေရာက Jiminရှိတဲ့ဆီကို။ အနောက်မှာသူ့အတွင်းရေးမှူးလို့ယူဆရတဲ့လူပါလာသည်။ ကြည့်ကောင်းလွန်းလှတဲ့အမျိုးသား အနားရောက်လာတော့ Jimin နှုတ်ဖျားမှတအံ့တဩနဲ့ထွက်သွားမိတဲ့နာမည်က
"CEO Min".............................................................
"CEO Min"
ဟုတ်ပါသည်။လှေကားပေါ်ကနေ
စတိုင်လ်ကျကျဆင်းလာပြီး Jiminရဲ့ရှေ့ကခုံမှာဝင်ထိုင်လိုက်တဲ့လူက ကိုရီးယားရဲ့ထိပ်တန်း Companyတစ်ခုဖြစ်တဲ့ SG company ရဲ့
CEO Min Yoongiဆိုသူပင်။ ငယ်ငယ်လေးနဲ့အောင်မြင်နေတဲ့ CEOကို ခိုက်နေတဲ့အမျိုးသမီးငယ်တွေကအများသား။ ဒါပေမယ့် CEOကြီးကသူတို့ကို တစ်စက်လေးမှစိတ်မဝင်စားဘဲ အထက်တန်းကျောင်းသားလေးကိုမှ
သူကသဘောကျနေမိသည်။
YOU ARE READING
Daddy's sweetheart ( rewriting )
Fanfic#Uni - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး #ZG - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး