#4 💛

4K 385 38
                                    

"ဟာ ဖုန်း ဖုန်းရော shitt... ကျန်ခဲ့ပြီ"

Yoongi လည်း သူ့ရှေ့ဖုန်းရှာနေတဲ့ ကောင်လေးကို မျက်‌မှောင်ကျုံ့ကာကြည့်လိုက်မိသည်။ ဒီကလေး ဆဲလိုက်တာလား?? သူ့အိမ်က စိတ်ပူနေမှာစိုးလို့ ဖုန်းဆက်မလို့တဲ့ အဲ! နေပါအုံး! သူ့အိမ်က စိတ်ပူနေမှာစိုးရင်ဘပြန်ပို့ခိုင်းရမှာမလား ?? အခုတော့ အပြင်ရောက်နေလို့ အိမ်ပြန်နောက်ကျမယ်ဆိုပြီးလှမ်း‌ပြောမလိုပဲ သူ့ဆီကနေတောင် ဖုန်းငှားနေသေး။ ဒီကောင်လေးက ဘယ်လိုလေးပါလိမ့် ??

...................................

"CEO ဖုန်းခဏငှားပါလား ကျွန်တော်ဖုန်းမေ့နေခဲ့လို့"

"ဘာလို့.......... "

"မေးခွန်းတွေနောက်မှမေးပါလားဗျာ အခုနည်းနည်းအလျင်လိုနေလို့... Hyung စိတ်ပူနေမယ်ထင်တယ်"

သူ့ရှေ့ကလူကို ကြည့်ရင်းဆွံ့အ,ရသူမှာ ဒီတစ်ခါတော့ Yoongiဘဖြစ်လို့နေသည်။

Yoongi လည်းဖုန်းထုတ်ပြီး Jimin ကိုပေးရန်လုပ်လိုက်စဥ်.......

"Jungkook ahhh"

ဆိုသောအသံနဲ့ Yoongiတို့ထိုင်နေတဲ့
နေရာကိုဝင်လာသော pajamaဝတ်စုံနဲ့ကောင်လေးတစ်ယောက်။ အခုမှအိပ်ယာနိုးလာတယ်ထင်ပါ့။

"Taehyung!!"

Jimin ထိုကောင်လေးကိုကြည့်ပြီး အံ့ဩသွားရသည်။ အဲ့ကောင်လေးလည်းသူ့လိုပဲထင်သည်။ အံ့ဩမှု‌ကြောင့် မျက်ခုံးလေးတွေကမြင့်တက်နေသည်။

Seoulမှာ ကျောင်းပြောင်းတက်တဲ့ အချိန်ကစလို့ Jiminဘသူငယ်ချင်းတွေရခဲ့ပေမယ့် ချစ်စရာကောင်းပြီး သူနဲ့အတွဲညီတဲ့ Taehyung က အရင်းနှီးဆုံးဖြစ်လာခဲ့သည်။

Taehyung က ဘာလို့ CEO Minရဲ့အိမ်မှာ.......?

..............................

Taehyung တစ်ယောက် အိပ်ယာနိုးနိုးချင်း Jungkook ကိုမ‌တွေ့လို့ ရှာဖွေရေးဆင်းရန်အိမ်ရှေ့ထွက်လာလေသည်။ အိမ်ရှေ့ဧည့်ခန်းထဲရောက်တော့ မထင်မှတ်ထားတဲ့သူကိုတွေ့လိုက်သည်။

Jimin....

Hyung သွားခေါ်ခိုင်းတာ Jiminလား ?
နေပါ နောက်မှမေးတော့မယ် အခုတော့
Jeon Jungkook ကိုရှာရအုံးမယ်။

Daddy's sweetheart ( rewriting )Where stories live. Discover now