ချစ်သူဖြစ်ပြီးလေးလအတွင်းသူ့ဘေဘီကအချွဲလေးမှန်း Yoongiသိလာသည်။ချစ်သူမဖြစ်ခင်ကသူနဲ့တွေ့တိုင်း ခပ်တန်းတန်းနဲ့ပုံမှန်သာနေခဲ့တာမို့ ဘေဘီ့ကိုချွဲတတ်မယ်လို့မထင်ခဲ့ပေ။
အခုတော့ ဘေဘီကချွဲလိုက်တာဆို Taehyungလောက်နီးနီးပင်။သူ့ညီနဲ့အနေနီးလို့များအဲ့လိုဖြစ်သွားတာလားလို့တောင်တွေးမိသေးသည်။အချွဲလေးကရစ်လည်းရစ်တတ်သေး။
"ဘေဘီ ဆိုးလာတယ်နော်"
"အဲ့တော့မချစ်ဘူးလား Daddyက"
"အမ်....."
"Daddyမကြိုက်ရင်မဆိုးတော့ပါဘူး
ချွဲလည်းမချွဲတော့ဘူး နော်...
ဘေဘီကိုတော့စိတ်ပျက်မသွားပါနဲ့"မျက်နှာငယ်လေးနဲ့အဲ့လိုလေးတွေပြောလာတော့လည်းဒီကကောင်ကြီးကအကြိမ်ကြိမ်အရှုံးပေးနေရတော့တာပဲ။
"ကိုယ်က ဘေဘီအဆိုးလေးကိုစိတ်ပျက်စရာလား ချစ်လို့တောင်မဝတာကို"
"ချစ်လို့ဝသွားရင်ဘေဘီ့ကိုထားခဲ့မှာမလား"
"ဟောဗျာ...ဘေဘီရယ်"
"ဟင့် Daddyမကောင်းဘူး"
အဲ့လိုပါဗျာ။ရစ်စရာမရှိကြံဖန်ရစ်နေတာ။
တကယ်အဆိုးလေး။အဆိုးလေးကိုမလိုချင်ရင် ကျွန်မပေးပါ၊ကျွန်တော့်ပေးပါ ဆိုပြီးလာမတောင်းကြနဲ့နော်။Park Jiminက Min Yoongiအပိုင်မို့ဘယ်သူ့ကိုမှမပေးနိုင်ဘူး.......
"ဘေဘီရဲ့ချွဲနေတဲ့ပုံစံလေးတွေ၊ဂျစ်ကန်ကန်ပုံစံလေးတွေကချစ်ဖို့ကောင်းလွန်းလို့ဘယ်သူ့ကိုမှမမြင်စေချင်ဘူးကွာ"
"Babyက Daddyတစ်ယောက်ကိုပဲဆိုးတာပါ Daddyကိုပဲချစ်တာ ချစ်လို့ဆိုးတာ မချစ်ရင်မဆိုးဘူး"
ဘေဘီကအဲ့လိုပါဆို။အဲ့ပေါက်စလေးကိုမှမချစ်ရင်ကျုပ်ကဘယ်သူ့သွားချစ်ရမှာတုန်း။အဲ့အဆိုးလေးကိုပဲအသည်းနင့်နေအောင်ချစ်ရတာ။
"Boss!!"
"ဟမ်!! အင်း အင်း ဘာလဲပြော"
Yi Jun ရဲ့ခေါ်သံကြောင့် Yoongiလည်းအတွေးကမ္ဘာမှထွက်လာခဲ့သည်။
"Meetingစပါတော့မယ် Bossရဲ့အဖေလည်းရောက်နေပါပြီ"
"ဟုတ်ပြီ ငါလာခဲ့မယ်"
YOU ARE READING
Daddy's sweetheart ( rewriting )
Fanfiction#Uni - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး #ZG - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး