ကမ္ဘာကြီးရဲ့တစ်နေရာထဲမှာ တူညီတဲ့အချိန်တွေကြား မတူညီတဲ့အကြောင်းပြချက်ကြောင့် စိတ်အလိုမကျကာ ညီးညူနေကြတဲ့လူနှစ်ဦး။
"အာ...အချိန်တွေကလည်းမြန်လိုက်တာ"
"ကျစ် အချိန်ကုန်တာနှေးလိုက်တာ"
ဒီလိုနဲ့ရောက်လာသော Sunday
Jimin တစ်ယောက် စိတ်လှုပ်ရှားနေမိသည်။ ဒီနေ့မှ အိပ်ယာကနေအစောကြီးနိုးနေသည်။
Ting~~
Messageဝင်သံကြောင့် Jimin ဖုန်းကိုယူကြည့်လိုက်တော့
° ကလေး နိုးပြီလား °
ဟင် လူကြီးဆီကပဲ။
°ဟုတ်°
°7နာရီခွဲလောက် ကိုယ်လာခေါ်မှာမို့ အသင့်ပြင်ထားနော်°
°Omm°
°ချစ်တယ် ကလေး°
ဖုန်း screenကိုကြည့်ပြီး Jimin မျက်နှာလေးပန်းနုရောင်သန်းသွားသည်။ ဟမ် ဒီလူကြီးလူကိုချစ်တယ်လို့ပြောသွားတာလား။
ဟာ ဒီလူကြီးတော့ လူကိုရှက်အောင်တအားလုပ်တာပဲ။
စိတ်ထဲကသာပြောနေပေမယ့် Jimin နှုတ်ခမ်းထက်အပြုံးတို့ကဖြတ်ပြေးသွား၏။
Jimin လည်း ရေချိုးပြီးပြင်စရာရှိတာပြင်ထားလိုက်သည်။
Shirtအပြာစင်းကျားလေးကို Jean pant အဖြူထဲထည့်ဝတ်လိုက်သည်။ အပြာရင့်ရင့်နက်ခ်တိုင်ကိုလည်ပင်းမှာ ခပ်လျော့လျော့လေးစည်းလိုက်ပြီး ရွှေညိုရောင်ဆံနွယ်တို့ကိုခပ်ပွပွလေးဖြစ်အောင်ဖွလိုက်သည်။ Freshဖြစ်စေမယ့် ရေမွှေးကိုဆွတ်လိုက်ပြီး ကိုယ်လုံးပေါ်မှန်ရှေ့မှာ Jiminမတ်တပ်ရပ်လိုက်သည်။
"အင်း ပြည့်စုံပြီ"
အားလုံးပြင်ဆင်ပြီးတော့အချိန်က 7နာရီ။
Jiminလည်း ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ပြီး အခန်းအပြင်ဘက်ကိုထွက်လာခဲ့သည်။
စိတ်လှုပ်ရှားနေလို့ Jimin မှာဂဏာမငြိမ်။ ဧည့်ခန်းထဲထိုင်လိုက် မီးဖိုခန်းထဲသွားပြီးရေသောက်လိုက် အိမ်ရှေ့မှာခေါက်တုံ့ခေါက်ပြန်လျှောက်လိုက်နဲ့။
YOU ARE READING
Daddy's sweetheart ( rewriting )
Fanfiction#Uni - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး #ZG - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး