Jimin လည်း Taehyungနဲ့ဖုန်းပြောပြီး ကျောင်းသွားဖို့အတွက်ပြင်ဆင်လိုက်သည်။ ရေချိုးပြီး အခန်းအပြင်ထွက်လာတော့ မီးဖိုခန်းထဲထွက်လာတဲ့ Hoseokနဲ့ဝင်တိုက်မိလေသည်။
"ဟာ..Hyung ကျောင်းမသွားဘူးလား"
"မင်းပျောက်နေလို့စိတ်ပူနေရတာနဲ့ ငါလည်းမသွားလိုက်ရဘူးလေ မင်းပြန်လာတော့ဧည့်ခန်းထဲမှာငါပါ ရှိနေတာ မတွေ့ဘူးလား"
"Hee ဟုတ်လား"
"ဟွင်း ငါ့ကိုမမြင်ရအောင် ဘာတွေရှက်နေမှန်းမှမသိတာ"
"အာ.. Hyungကလည်း"
"မျက်နှာကြီးနီနေပြီ ဘာတွေဖုံးကွယ်ထားတာပါလိမ့် ထားပါကျောင်းသွားမှာမလား အတူတူသွားမယ် lunchကို canteenမှစားရအောင်"
"ဟုတ် Yi Jun Hyungကိုပြောလိုက်အုံးမယ်လေ"
"Hyungမရှိဘူး အန်တီတို့ကိုပြန်လိုက်ပို့ရင်းနဲ့အပြင်ခဏသွားတယ်"
"Aww အာ့ဆိုသွားမယ်"
ညီအစ်ကိုနှစ်ယောက် စက်ဘီးကိုယ်စီဖြင့် ကျောင်းသို့ထွက်ခဲ့ကြလေသည်။ Hoseok က Jimin ထက် အသက်တစ်နှစ်ကြီးပေမယ့် Jimin တို့နဲ့အတူတူအထက်တန်းနောက်ဆုံးနှစ်ကျောင်းသားပင်။
သူတို့ကျောင်းရောက်တော့ lunch time ဆင်းနေပြီဖြစ်သည်။ စက်ဘီးတွေကိုသေချာရပ်ပြီး canteenဘက်သို့ ထွက်ခဲ့ကြသည်။
Canteen ရောက်တော့ အရင်ရောက်နှင့်ပြီးဖြစ်တဲ့ Taehyungတို့နဲ့ ဆုံလေသည်။
Taehyung က 'ငါတို့ဒီမှာ'ဆိုတဲ့သဘောနဲ့လက်လှမ်းပြလိုက်သည်။ Jiminလည်း လက်ပြန်ပြရင်း Taehyungတို့ စားပွဲဝိုင်းသို့သွားလိုက်သည်။
Jimin နဲ့ Hoseok canteenထဲ ဝင်လာတော့ ကျောင်းသူတွေအားလုံးရဲ့မျက်လုံးက သူတို့နှစ်ယောက်ဆီမှာ။ အဲ့လိုဖြစ်တာလည်းမပြောနဲ့လေ။ Jimin ဆိုသည်မှာလည်း ဖြူဖြူဖွေးဖွေးလုံးလုံးလေးနဲ့ချစ်စရာလေး။ ကျောင်းသူတွေမက ကျောင်းသားတွေပါငေးရသည်အထိ။ ဆံပင်သပ်တင်လိုက်တဲ့အချိန် အချို့ဆိုနှာခေါင်းသွေးတွေပါလျှံတယ်။
(Me-ကိုယ်လည်းနှာခေါင်းသွေးယိုနေလို့တစ်သျှူးနဲ့နှာခေါင်းပိတ်ပြီးစာရေးနေပါကြောင်း🤒)
Edit - အဲ့တုန်းကတကယ်နှာခေါင်းသွေးယိုနေတာ နှာခေါင်းထဲမှာအနာလေးရှိလို့လေ
YOU ARE READING
Daddy's sweetheart ( rewriting )
Fanfiction#Uni - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး #ZG - မင်းကကိုယ့်အပိုင်...ဟုတ်တယ်မလား Baby~ - အင်း...ကျွန်တော်က Daddyရဲ့ပိုင်ဆိုင်ခြင်း လေး