#3 💛

4.5K 459 56
                                    

"ကလေး ကလေး"

Yoongiက‌ ကြောင်တောင်တောင်လေးဖြစ်နေတဲ့ Jiminရဲ့မျက်နှာ‌ရှေ့ လက်ဝှေ့ယမ်းလိုက်သည်။

"ဗျာ...."

"လန့်သွားလားဟင် ကိုယ်တောင်းပန်တယ်နော် ကလေးနဲ့စကားပြောချင်လို့ အခုလိုခေါ်ခိုင်းလိုက်ရတာ"

*ကလေး!? ပိုင်စိုးပိုင်နင်းနဲ့ကွာ ဒီလူကြီးကတော့ ! ဘာလို့ကလေးလို့ခေါ်နေပါလိမ့်*

Jimin စိတ်ထဲကနေပြောနေမိသလို မျက်နှာလေးကလည်း ရှက်စိတ်‌ကြောင့် အနည်းငယ်နီသွားရသည်။ ဟန်လုပ်ချောင်းတစ်ချက်ဆိုးလိုက်ပြီး

"CEO Min"

"ဟမ်..ကလေးက ကိုယ့်ကိုသိတယ်လား"

"KoreaမှာTop 3ဝင်နေတဲ့ Company ရဲ့ CEOကို မသိရလောက်တဲ့အထိ ကျွန်တော်မတုံးပါဘူး"

Jimin တည်ငြိမ်တဲ့လေသံနဲ့ပဲ အတတ်နိုင်ဆုံးပြန်ဖြေလိုက်သည်။

"ဟက်.. အင်း..ဟုတ်သားပဲ"

Yoongi က ရယ်သံစွက်ကာပြောလေတော့ Jimin ပြုံးလိုက်မိသည်။

*ရယ်သံကအစ ဆွဲဆောင်မှုရှိနေတာပဲ*

"ကိုယ့်ကို မကြောက်ဘူးလား"

Yoongiရဲ့မေးခွန်းမှာ Jiminညအသာခေါင်းယမ်းပြလိုက်သည်။

ဘေးကရပ်နေတဲ့ဝန်ထမ်းတွေ မျက်ခုံးပင့်သွားကြတာတော့ သတိမထားမိလိုက် ။

"ဘာလို့လဲ"

"ကျွန်တော့်ကို အန္တရာယ်ပေးမယ်မှာမဟုတ်မှန်းသိလို့"

"ဘယ်လိုသိလဲ"

"CEOရဲ့မျက်လုံးတွေကနေလေ"

"ဟားးး ဟုတ်ပါပြီ"

Jiminရဲ့အဖြေကို Yoongi သဘောကျစွာရယ်မောမိသည်။ သူရယ်တာသိပ်မမြင်ဘူးတဲ့ ဝန်ထမ်းတွေကတော့ အထူးအဆန်းတစ်ခုလိုဖြစ်နေတော့တာ‌ပေါ့ ။

.........................

Jimin ကြားဖူးသမျှ CEO Minက ချေပြီးမာနကြီးတယ်တဲ့။ အခုတော့ အခြားတစ်ယောက်များလား?? စကားပြောပုံကအစ သူ့ကိုကြည့်တဲ့အကြည့်တွေကအဆုံး နူးညံ့နေသည်။ Jimin... Yoongiရဲ့မျက်ဝန်းတွေကိုbကြည့်မိတော့ တစ်ခုခုကိုခံစားမိလိုက်သည်။ ဘာလဲဆိုတာ သေချာမပြောတတ်ပေမယ့် သူ့ကိုထိခိုက်အောင်မလုပ်ဘူးဆိုတာတော့ သေချာပေါက်သိသည်။ Jiminခေါင်းထဲ ပေါက်"ရှာ"အတွေးအချို့ကလည်း ဝင်လာလေသည်။

Daddy's sweetheart ( rewriting )Where stories live. Discover now