#9 💛

3K 235 169
                                    

"CEO"

"ပြောလေ ကလေး"

"ကျွန်တော့်ကိုဘယ်ကတည်းကသိနေခဲ့တာလဲဟင်"

"ပြောပြမှာပေါ့"

လေတဖြူးဖြူးတိုက်ခတ်နေတဲ့ဟန်မြစ်ဘေးကပန်းခြံထဲဝယ် ကောင်လေးနှစ်ယောက်ရဲ့ပုံရိပ်ကကြည်နူးစွာရှိ‌လို့နေသည်။

"ကလေး"

"ဗျာ"

"လွန်ခဲ့တဲ့သုံးနှစ် Busanကကျောင်းမှာ
ကလေး ဘောလုံးနဲ့ကန်မိတဲ့သူကိုမှတ်မိလား"

Flash back start~

Yoongi နိုင်ငံခြားကပြန်ရောက်ရောက်ချင်း
အဖေလုပ်သူရဲ့ခိုင်းစေချက်ကြောင့် Busanကလုပ်ငန်းကိုစီမံဖို့ဖြစ်လာသည်။

ပြန်ရောက်ရောက်ချင်းမနားရဘဲအလုပ်တန်းလုပ်ရလို့Yoongiမှာဒေါသထွက်လျက်။
"နောက်ဆို SG companyကမင်းဦးစီးရမှာ အလုပ်နဲ့ရင်းနှီးနေပြီးသားဖြစ်အောင်လို့ခိုင်းတာ အထွန့်မတက်နဲ့"ဟူသောFatherကြီးရဲ့စကားကြောင့်သူ့မှာဒေါသတွေကိုကျိတ်မှိတ်လျက်Busanသို့ခရီးဆက်ခဲ့ရသည်။

ဘူဆန်သွားတဲ့လမ်းမှာNamjoonဆီဖုန်းဆက်ဖြစ်သည်။Kim Namjoonဆိုသည်မှာ သူနိုင်ငံခြားမှာကျောင်းတက်ရင်းခင်လာတဲ့တစ်ဦးတည်းသောသူငယ်ချင်းပင်။
သူဖုန်းဆက်တော့တစ်ဖက်က

"Hello Suga ဘယ်လိုလဲသားရီး အမိမြေပြန်ရောက်ပြီဆိုတော့အေးဆေးနှပ်နေရောပေါ့"

"ချီးပဲ ဟေ့ရောင်ရေ နှပ်ဖို့မပြောနဲ့ အိမ်တောင်ခဏပဲရောက်ခဲ့တယ် Fatherကြီးက ချက်ချင်းအလုပ်ခိုင်းတော့တာပဲ အခုကBusanသွားတဲ့လမ်းမှာ"

သူအဲ့လိုပြောတော့ Namjoonရဲ့ရယ်သံကအမြင်ကတ်စရာကောင်းအောင်ထွက်လာသည်။

"ဟားဟားဟား အလုပ်ကြိုစားလိုက်ပါအုံး
Min Yoongiရေ ငါမအားလို့ ဒါပဲကွာ"

"ပြီးရော"

"ကျန်းမာရေးဂရုစိုက်"

"မင်းရောပဲ"

သူတို့နှစ်ယောက်က အပေါက်အလမ်းသာမတည့်တာ တစ်ဦးကိုတစ်ဦးတော့ညီအစ်ကိုသဖွယ် ခင်တွယ်ကြသည်။

Yoongi  Busanကိုရောက်တော့မွန်းလွဲ‌ကျော်‌နေပြီ။SG company shareဝင်ထားတဲ့အထက်တန်းကျောင်းကလုပ်ငန်းဆောင်ရွက်စရာတွေကြောင့် Yoongiမှာနေ့လည်စာစားပြီး Driverကိုကျောင်းသို့ပင်တန်းမောင်းခိုင်းလိုက်သည်။

Daddy's sweetheart ( rewriting )Where stories live. Discover now