#Uni #
ယုန်ပေါက်ကိုဖက်ထားရာကနေ..တွန်းလိုက်ပြီး..ပတ်ဝန်းကျင်ကိုလိုက်ရှာပေမဲ့..ဆိုမီကိုမတွေ့..အဲ့အစား..အေမီဆိုတဲ့မိန်းမက..ဘေးနားက စားပွဲခုံမှာ ရှိတဲ့ခက်ရင်းကိုယူလိုက်ပြီး
"နင်...နင်တို့..သေဖို့သာပြင်..''
သူမထင်သလိုမဖြစ်တော့..မကျေနပ်ဘဲ..ကိုယ်တွေကို ခက်ရင်းနဲ့ပြေးထိုးမလို့ကြံတယ်..ကျောပေးထါးတဲ့jungkookကို..ကိုယ့်အနောက်ကို အားနဲ့ဆွဲပြီး ခက်ရင်းကိုင်တဲ့လက်ကို ဖမ်းမလို့ အသင့်အနေထားနဲ့သတိကပ်နေတုန်း..
ခွမ်းး......
ကိုယ်တွေ အရှေ့က လူမရှိတဲ့ဝိုင်းကနေ..အအေးခွက်ကြီးက လူမရှိပါဘဲ..ကျကွဲသွားတယ်..နောက် လူတိုက်တာလို့ပြောရအောင်လဲ..လူအုပ်ကြီးက ကိုယ်တွေနဲ့ နှစ်ဝိုင်းစာလောက် အဝေးမှာ ရပ်ကြည့်နေတာလေ..
ပိုဆိုးတာက အေမီဆိုတဲ့မိန်းမက ခက်ရင်းကြီး ကိုင်ရင်း..အဲ့အအေးကျကွဲသွားတဲ့ဝိုင်းကို ကြောင်ကြည့်နေရင်း..
"သ..သရဲ..သူ...သူ ''
လက်ထဲက ခက်ရင်းကိုတောင်လွတ်ကျသွားပြီး..သူ့ပခုံးနားကိုလက်တွေနဲ့ ပုတ်ထုတ်နေတယ်..
"မထိနဲ့..ဟင့်အင်း..တောင်းပန်ပါတယ်..ငါ့ကိုမသတ်ပါနဲ့..''
"....''
"ဟင့်အင်း..ငါမပြောတော့ပါဘူး..နောက်လဲမနှောက်ယှက်တော့ပါဘူး..ကြောက်ပါတယ်.ထွက်သွား..ငါ့နားက..''
သူမကလက်အုပ်ချီပြီး..သူ့ရှေ့ဘာမှမရှိတာကို..တစ်ယောက်ထဲပြောနေတယ်...နောက်..လူအုပ်ထဲကိုပြေးဝင်မလိုလုပ်တော့...သူမကိုအနားဘယ်သူမှအကပ်မခံကြ....သူမအနားလာရင်..ဘေးကိုရှောင်ကြတာမို့...
သူမက ငိုနေရင်း..
"ကယ်ပါ..ကယ်ကြပါ..အဲ့သရဲမ ငါ့ကိုသတ်တော့မယ်..ကယ်ပါ..မထိနဲ့..ကြောက်ပါပြီ..''
သူမကအရူးတစ်ယောက်လိုကို..ဂနာမငြိမ်ဖြစ်ရင်း..ကန်တင်းရဲ့အဝေးက်ို ထွက်ပြေးသွားတယ်..သူမအဖော်နှစ်ယောက်ကတော့ အစကတည်းက လစ်သွားပြီမို့..
သူမက ထွက်ပြေးရင်း...
"လုပ်ပါအုံး....သရဲရှိတယ်...ငါ့နောက်လိုက်နေတယ်....''
YOU ARE READING
မမုန်းပါနဲ့လား💜(Completed )
Fanfiction#uni # မုန်းပြီးမှချစ်ရတာနဲ့..ချစ်ပြီးမှမုန်းတယ်ဆိုတာ..တူမလိုနဲ့တကယ်မတူဘူး. ..☺☺ မုန်းပြီးမှချစ်တယ်ဆိုတာ..ပြန်မုန်းဖို့လွယ်ပေမဲ့ ချစ်ပြီးမှမုန်းတာက ပြန်ချစ်ဖို့ အရမ်းခက်တာမျိုး💔💔 ငါပြောင်းလဲသွားတာမင်းကို မုန်းလို့ #jimin# နောင်တဆိုတာ နောင်မှရတယ်ဆိ...