#Uni #
အချိန်ဆိုတာ..ခနလေးဘဲ..ခုကျောင်းတောင်တက်ရတော့မယ်..သေချာပြောရင်..သဘက်ခါကျောင်းတက်ရတော့မှာ..Jလေးကတော့ ခုရက်ပိုင်း အကသင်လိုက်..ဘာသာစကားသင်လိုက်..အဆိုပိုင်းကျင့်လိုက်နဲ့..
နောက် အန်ကယ်ပြောတဲ့ သင်တန်းတစ်ခုလဲတက်ရသေးတယ်..တစ်ပတ်မှာတစ်ရက်ဘဲတက်ရပေမဲ့ အဲ့ရက်က နားရက်တစ်ရက်ထဲရတဲ့ရက်..အဲ့တော့ Jလေးက နားရက်မရှိတာတောင် သင်တန်းနဲ့ အကပိုင်းကိုလေ့လာနေရတာ..
Jလေးနဲ့ယှဥ်ရင်..ကိုယ်ကြိုးစားရတယ်ဆိုတာ..နည်းသေးတယ်..အကုန်အဆင်ပြေကြပါတယ်..jungkookကိုလဲမမြင်ရဘူး..
"Mimi...ပြန်ရောက်ပြီ..''
"အာ..jလေးပြန်လာပြီလား..''
ဆိုဖာမှာထိုင်နေတဲ့ ကျွန်တော်အနားလာပြီး ပေါင်ပေါ်ခေါင်းအုံးလုပ် လှဲလိုက်တယ်..
"Jလေး..နေပူထဲကလာတာ အပူရှပ်မယ်လေ..''
"ရပါတယ်..jjလာတော့နေသိပ်မပူဘူး..''
"Jလေးအရမ်းပင်ပန်းနေမှာပေါ့...ပိတ်ရက်လေးက တစ်ရက်ဘဲရှိတာကို...''
Jလေးကတော့
"အင်း''
တစ်လုံးဘဲပြောပြီး..မျက်လုံးမှိတ်...အိပ်နေတယ်...ကိုယ်က နားရက်ကို အဲယားကွန်းလေးနဲ့ အေးဆေးဖြတ်သန်းနေရပေမဲ့ jလေးကတော့ ကြိုးစားနေရတာ..
"Hey...ငါတို့လာတယ်..''
ခေါင်းလေးပွတ်ပေးပြီး ချော့သိပ်နေတုန်း...တံခါးကိုအကျယ်ကြီးဖွင့်လာပြီး အသံကျယ်ကြီးနဲ့ Jinရယ်..အနောက်က အထုပ်တွေနဲ့ Vရယ်..
နောက်Vရဲ့အနောက်မှာ.......jungkookလဲပါလာတာကို...
"ဘာလာလုပ်တာလဲ..''
"Jijiမင်းကလဲ ဘယ်လိုရုပ်ကြီးလဲ ''
Vကပြောလာတော့..နှုတ်ခမ်းပေါ် လက်ညိုးလေးနဲ့ တိုးတိုးဆိုပြီး လုပ်ပြလိုက်တယ်..
"အာ..ချာတိတ်အိပ်နေတာလား..sorry..''
ရယ်ပြတဲ့Vကြောင့်..ပြန်ရယ်ပြရမလား..jungkookရှေ့မှာ တည်တည်နေရမလား..ဝေခွဲရခက်နေတယ်..
"Jimin ငါတို့ ဒီနေ့သောက်မလို့..''
Jinက အထုပ်တွေ စားပွဲပေါ်လာချပြီး..ဆိုဖာမှာထိုင်လိုက်တယ်...
YOU ARE READING
မမုန်းပါနဲ့လား💜(Completed )
Fanfiction#uni # မုန်းပြီးမှချစ်ရတာနဲ့..ချစ်ပြီးမှမုန်းတယ်ဆိုတာ..တူမလိုနဲ့တကယ်မတူဘူး. ..☺☺ မုန်းပြီးမှချစ်တယ်ဆိုတာ..ပြန်မုန်းဖို့လွယ်ပေမဲ့ ချစ်ပြီးမှမုန်းတာက ပြန်ချစ်ဖို့ အရမ်းခက်တာမျိုး💔💔 ငါပြောင်းလဲသွားတာမင်းကို မုန်းလို့ #jimin# နောင်တဆိုတာ နောင်မှရတယ်ဆိ...