အပိုင်း-17💜

3.3K 371 27
                                    

# Uni #

"တစ်အိုးထဲချက်ထားတာလေ..အရသာမတူဘူးလား..''

"Hyung ကမတူဘူးဆို မတူဘူးလုပ်လိုက်..''

"ဟုတ်ပါပြီ..ကြည့်စမ်း..ခုမှသောက်ကြည့်တယ်..ဟုတ်တယ် ကျွန်တော် ဟင်းချိုကတစ်ခုခုလိုနေသလိုဘဲ..''

"အဲ့တော့ hyungက Jungkookအတွက်ပြင်ပေးမယ်..''

မီးဖိုချောင်ထဲဝင်ပြီး တစ်ခုခုကိုရှာလိုက်တယ်..တွေ့ပါပြီ..ရှာနေတဲ့အထုပ်ကိုယူလာပြီး..Jungkookနားသွားလိုက်တယ်..

"စဥ်းစားကြည့်တော့ အစပ်လိုနေတာဘဲ..''

"Jimin shi ''

ခုကျ သွေးပျက်သလို ကြည့်လာတယ်..ဘာလဲ မင်းအလှည့်တုန်းက ငါအပြုံးမပျက်ခဲ့ဘူးလေ...

"ဘာလဲ hyung ကအကောင်းနဲ့လုပ်ပေးမလို့ကို..မင်းကိုဂရုစိုက်တာ မ​ပျော်ဘူးလား..jungkook ''

"အာ..အင်..ဟို..​ပျော်တာပေါ့..''

အစပ်ထုပ်ကို တစ်ထုပ်လုံးထည့်ပလိုက်တယ်..အစက ငရုတ်နှစ်ရောင် နည်းနည်းဘဲရဲပေမဲ့..ခုကနီရဲပြီး..အနံကတောင် ငရုတ်သီးမှုန့်အနံ့ဘဲထွက်နေတယ်..ဘယ်လောက်စပ်မလဲတော့မသိဘူး..အနံ့နဲ့တင်မျက်ရည်ဝဲနေပြီ..

သိတယ် jungkookတုန်းက အဲ့လောက်မစပ်လောက်ဘူး..ဒါပေမဲ့ ဟိုဟာကထမင်းကြော်လေ..ခုဟာက ဟင်းချိုတစ်ခွက်ဘဲဟာ..

"Hyung ပြင်ပေးထါးတာကို..အကုန်မသောက်လဲရတယ်နော်..တကယ်လို့မကုန်ခဲ့ရင်တော့..hyungကို မချစ်လို့..ဒါမှမဟုတ်ရင်..hyung စေတနာကိုအသိအမှတ်မပြုဘူးလို့သတ်မှတ်မယ်..''

".....''

"Jungkook အသက်ရှိသေးရဲ့လား ''

"Jimin shi..''

လူကိုကြည့်လာတော့ အလှဆုံးပြုံးပြလိုက်တယ်...ပျော်တယ်လေ..ငါ့ကိုလုပ်သလိုပြန်လုပ်ရတယ်ဆိုတဲ့အတွေးနဲ့တင် အရမ်းပျော်တယ်..မင်းရဲ့သွေးပျက်နေတဲ့ပုံစံက အရမ်းကြည့်လို့ကောင်းတယ်..မင်းပျော်နေတာထက်..

ယုန်ပေါက်က ပြုံးနေတဲ့ကိုယ့်ကိုကြည့်ပြီး

"ပျော်လား..''

"ဟင် ဘာကိုလဲjungkook''

"ခုလိုလုပ်ရလို့ jimin shi အရမ်းပျော်လား..''

မမုန်းပါနဲ့လား💜(Completed )Opowieści tętniące życiem. Odkryj je teraz