#Uni#
"ဒါနဲ့ မင်းတို့ ဘယ်လိုဖြစ်ပြီး အပြင်မှာစောင့်နေတာလဲ ''
အရှေ့မှာထိုင်နေတဲ့ ငယ်ချင်းနှစ်ကောင်ကိုမေးတုန်း..
"JJ အထဲမဝင်ခိုင်းထားတာ..mimi မှမရှိတာ..နောက် မမြင်ချင်တဲ့လူတစ်ယောက်ပါလို့..''
ပြောပြီး..ဘေးမှာထိုင်နေတဲ့ယုန်ပေါက်ကို လူမိုက်ကြည့်ကြည့်နေတဲ့Jလေး...နောက်မီးဖိုခန်းထဲဝင်မလို့လုပ်တုန်း..
"Hyungလာလည်တာ hopeလေး..''
အကိုsugaက Jလေးကို ပြုံးပြတော့..Jလေးက ခေါင်းညိမ့်ပြပြီး..မီးဖိုခန်းထဲဝင်မလို့လုပ်ပြန်တော့
"ရေဆာလို့ ဆင်းလာတာလား..jလေး..''
"မဟုတ်ပါဘူး..hyungလာတာမြင်လိုက်လို့ဆင်းလာတာ..ထုံးစံအတိုင်း သွားဖျော်ပေးမလို့...''
ချာတိတ်က အဲ့ဆရာဝန်ကိုမြင်တာနဲ့ ဆင်းလာတယ်ပေါ့လေ..အဲ့လောက်တောင်ခင်ကြတာလား...ဟိုဆရာဝန်ကလဲ ချာတိတ် အဲ့လိုပြောတော့ ရယ်နေတာဘဲ..
"ကိုယ်ကတော့ ကြိုက်တာဖျော်ခဲ့လို့ရတယ်နော်...''
ပြောလိုက်တော့ လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ပြီး..လူကို မထီမဲ့မြင်ပုံစံနဲ့ လာကြည့်လာတယ်...
"ခင်ဗျားလက်မပါဘူးလား..သောက်ချင် ကိုယ့်ဘာသာဖျော်..''
ဘာလဲ..ဟိုဆရာဝန်ကောင်ကျ ဖျော်ပေးဖို့တောင် အောက်ဆင်းလာပြီး..ငါ့ကျ ကိုယ့်ဘာသာဖျော်တဲ့..ချာတိတ်..လွန်တယ်..
သေချာကြည့်မိတော့..ချာတိတ်က အပေါ်မှာ စွတ်ကျယ်လက်တိုနဲ့ အောက်က အပြာရောင် ဘောင်းဘီတိုလေး ဝတ်ထားတာ..ကြည့်လို့ကောင်းတယ်ပြောရမယ်..
ဟူး...ဘာမှမဟုတ်တာတောင် ချာတိတ်က ချောနေတုန်း..ဖြစ်သလိုနေတာတောင် ချာတိတ်ရဲ့အလှတွေက ဖုံးလို့မရဘူး..
စွတ်ကျယ်အပါးသားလေးမို့..ချပ်နေတဲ့ ဗိုက်သားလေးတောင် နည်းနည်း မြင်ရသလို..ဟိုတစ်ခါက..ချာတိတ်ရဲ့ ဗိုက်သားလေးကိုနမ်းခဲ့ရတာလေး ပြန်မြင်မိတော့..
"ဟေ့ရောင်..Jလေးကို ကြည့်နေရင်း..မင်းပုံစံက မဟုတ်တာတွေးနေသလိုကြီး..''
BẠN ĐANG ĐỌC
မမုန်းပါနဲ့လား💜(Completed )
Fanfiction#uni # မုန်းပြီးမှချစ်ရတာနဲ့..ချစ်ပြီးမှမုန်းတယ်ဆိုတာ..တူမလိုနဲ့တကယ်မတူဘူး. ..☺☺ မုန်းပြီးမှချစ်တယ်ဆိုတာ..ပြန်မုန်းဖို့လွယ်ပေမဲ့ ချစ်ပြီးမှမုန်းတာက ပြန်ချစ်ဖို့ အရမ်းခက်တာမျိုး💔💔 ငါပြောင်းလဲသွားတာမင်းကို မုန်းလို့ #jimin# နောင်တဆိုတာ နောင်မှရတယ်ဆိ...