အပိုင်း-10💜

4.2K 432 116
                                    

#Uni #

"မင်းသာသေသွားရင် ဆိုမီသေခဲ့ရတာ မင်းကြောင့်ဆိုတဲ့ အရာကြီးက မင်းနဲ့အတူသေဆုံးသွားမှာ..မင်းကိုမမြင်ရတော့မှာမို့..''

အဲ့လိုပြောတော့ ခါးကိုဖက်ထားတာ ပိုဖက်လိုက်ပြီး..အသက်တောင်ရှူရကျပ်လာသလိုဘဲ..

"ခုထိ အဲ့လိုတွေးနေတုန်းလား..ကျွန်တော်ကိုမုန်းတာ သူ့ကြောင့်လား..မကြိုက်ဘူး..jimin shiခေါင်းထဲမှာ..ကျွန်တော်ကလွဲပြီး တစ်ခြားတစ်ယောက်ရှိနေတာမျိုးကို..''

"မင်းရူးနေပြီ jungkook စိတ်ရော မှန်သေးရဲ့လား..''

ခါးကိုဖက်ထားတဲ့လက်တွေကို အတင်းဖြုတ်နေတုန်း..

"ငြိမ်ငြိမ်မနေရင် ဒီတစ်ခါတကယ်နမ်းရမလား..jimin shi~~~~''

နားနားကပ်ပြီး နောက်ဆုံး 'shi'ဆိုတာကို Sexy ဆန်ဆန်ပြောတာ ကြားရတော့ ရင်တောင် မခုန်ရဲဘူး..

ငါသူ့က်ိုမုန်းရမယ်လို့သာ သတိပေးနေရတယ်...

"မသေပေးနိုင်ဘူး..​သေသွားရင်..jimin shiကို ပိုင်ဆိုင်ရမဲ့သူက ဘယ်လိုလုပ် ကျွန်တော်ဖြစ်လာတော့မလဲ..''

"Haaa ယုံကြည်ချက်ကပြင်းထန်လိုက်တာ..မင်းရယ်စရာပြောနေတာလား jungkook ''

"ဘာလဲ အထင်သေးတာလား..jimin shi..''

"....''

"ခင်ဗျားမေ့နေပြီလား..ကျွန်တော်ကလိုချင်တာကိုရအောင်ယူတတ်တယ်..တစ်ခုဘဲခင်ဗျားကို လိုချင်တာမဟုတ်ဘူး..''

ဘာလား လိုချင်တာမဟုတ်ဘူး..ဆိုတော့
ကိုယ့်ပါးကို သူ့ဘက်ဆွဲလိုက်ပြီး..

"မြတ်နိုးတာ..မထိရက်လောက်အောင် တန်ဖိုးထားတာမို့...ခင်ဗျားအနားက ထွက်သွားခိုင်းတာကလွဲရင်...''

"...''

" ခင်ဗျားပါးစပ်ကထွက်တဲ့စကားတိုင်းကကျွန်တော်အတွက် အမိန့်တစ်ခုလို ဖြစ်စေရမယ် jimin shi ''

"ငါ မင်းရဲ့ အရုပ်မဟုတ်ဘူး... jung kook''

"ရှူး....''

သူ့နှုတ်ခမ်းပေါ် လက်ညိုးလေးနဲ့ တိတ်တိတ်နေဆိုတဲ့ပုံစံလုပ်ပြပြီး..

"Jimin shi က ကျွန်တော့်အရုပ်မဟုတ်ဘူးဆိုတာသိတယ်..ကျွန်တော်ကသာ jimin shi ရဲ့ အရုပ်ကလေးလုပ်ပေးမှာ..''

မမုန်းပါနဲ့လား💜(Completed )Donde viven las historias. Descúbrelo ahora