အပိုင်း-35💜

2.7K 285 69
                                    

# Uni #

ယုန်ပေါက်နဲ့ အချစ်စမ်းရင်း သာယာနေတုန်းရှိသေး..ရှေ့မှာထိုင်နေတဲ့ jinကနေ..သူ့ရင်ဘတ်ကိုလက်ဖိရင်း..

"မရတော့ဘူး...အော်ဂလီဆန်လွန်းလို့..သဲကဲနေလိုက်တာ..ငါ့ဘဝလေး..ငါ့ဘဝလေး..''

ငိုချင်ယောင် ဟန်ဆောင်ရင်း..သူ့ခေါင်းသူ သေနတ်နဲ့ပစ်သလိုလုပ်ရင်း...မျက်စိမှိတ် ဆိုဖာပေါ်ပစ် မှီလိုက်တယ်...မသိရင် သူသေသွားတယ်ပေါ့..

သရုပ်ဆောင်ကောင်းလိုက်တာ..မင်းသားလုပ်ရင် အကယ်ဒမီပါရလောက်တယ်..တော်သေးတယ်..ရုပ်ခံလေးရှိလို့..ကျပ်မပြည့်တာလေးကို မသိသာတာ..စိတ်ညစ်ပါတယ်..

ငယ်ချင်းတွေက ငပေါတွေဖြစ်သလောက်..ကိုယ်က သောက်ချောကြီးဖြစ်သလို..ယုန်ပေါက်ကအရမ်းချစ်ပေးလို့..သာ တော်သေးတယ်..အလဲ့..

"Jimin shi...နောက်တစ်ခါ သွားချင်တယ်ဆို..ကျွန်တော်ကိုဘဲခေါ်ရမယ်နော်..''

"အင်း...''

"သေချာပြော..အဲ့လူနဲ့ မပတ်သတ်ရဘူး..သူက ခင်ဗျားကိုကြိုက်နေတာကို..''

"ယုန်ပေါက်..သဝန်တိုနေတာရယ်..အမှန်တော့.. အကိုsugaက.....''

".......''

"Jလေးကိုစိတ်ဝင်စားနေတာ...''

"ဘာ???? "

အမလေးလန့်လိုက်တာ..ကိုယ်ဘဲလန့်သလားဆို မဟုတ်ဘူး ယုန်ပေါက်ရော...ဆိုဖာပေါ်မှီနေတဲ့ jinတောင် လန့်ပြီး ကိုယ်လေးတောင် ပြန်မတ်လိုက်သေး...

မလန့်ဘဲနေမလား...ခုနကတည်းက ဘာတွေးနေမှန်းမသိ တွေးနေတဲ့ Vက ကိုယ်လဲ အကိုsuga က Jလေးကို ကြိုက်နေတဲ့အကြောင်းပြောတော့..

မတ်တပ်ရပ်ပြီး..ထအော်လာလို့ရယ်..

"တကယ်ပြောတာလားjiji ''

"လိလို အော်ရလား..လန့်လိုက်တာ..အဲ့တော့ဘာဖြစ်လို့လဲ..''

ဟုတ်တယ်လေ..အော်စရာလိုလို့လား..ရင်ဘတ်လေးဖိပြီး..ယုန်ပေါက်ရင်ခွင်ထဲဝင်လိုက်တော့(လန့်တာနဲ့ အဲ့လိုရင်ခွင်ထဲဝင်လို့ရလား..)ယုန်ပေါက်ကလဲ အလိုက်တသိ ပြန်ဖက်ရင်း..ကျောကုန်းလေးတောင် ပုတ်ပေးနေတယ်...

မမုန်းပါနဲ့လား💜(Completed )Donde viven las historias. Descúbrelo ahora