အပိုင်း-37💜

2.6K 292 77
                                    

#Uni #

ယုန်ပေါက်ကဘယ်လို ဖြစ်ပြီး...ဒီကိုရောက်နေတာလဲ..

"ယုန်..ယုန်ပေါက် ''

"ရှင်နဲ့အသိလား ချောတယ်နော် ''

ဟန်နီဆိုတဲ့ကောင်မလေးကမေးလာတော့ ယုန်ပေါက်ကိုကြည့်နေရင်း...

"ကိုယ့်ချစ်သူလေ...''

"ဟမ်...ယောကျားကြီး...သူ...ရှင်....''

သူမကသာ အံ့သြနေပေမဲ့ ကိုယ်က ယုန်ပေါက်ကိုသာကြည့်​နေ​မိတယ် သူမက သဘောပေါက်သွားပုံနဲ့ သက်ပြင်းချရင်း..

"ဟူးးးး အချစ်ကဆန်းကြယ်လိုက်တာ ''

သူမစကားသံကြားတော့ သူမဘက်လှည့်ပြီး ရယ်ပြမိတယ်..

"ဟုတ်တယ်နော်...ဒါပေမဲ့ ကိုယ့်မိဘတွေက လက်မခံဘူးလေ..''

"ဟန်နီကတော့ သဘောမကျဘူး လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်ပေါင်းရမှာလေ..မိဘတွေက ပေးစါးလဲ မချစ်ရင် ဘယ်ပျော်ကြမလဲ ''

"မင်းတွေးသလို ဖေဖေ တွေးပါစေကွာ...''

"ဒီသီချင်းကို ကျွန်တော်ချစ်ရတဲ့သူအတွက် ဆိုမှာပါ..''

သီချင်းဆိုမယ်...စသိကတည်းက ခုထိ ယုန်ပေါက် သီချင်းဆိုတာမကြားဖူးသေး..ခုဆိုမယ်တဲ့လား..နောက် ချစ်ရသူအတွက်ဆိုတော့..ကိုယ့်ကြောင့်လား...

မိုက်လေးကိုကိုင်ပြီး..နောက်က ဂီတာသမားကို စတီးဖို့အချက်ပြလိုက်တယ်..jimin shi ဒီသီချင်းလေးက ခင်ဗျား ကျွန်တော်ဆီပြန်လာဖို့ အကူအညီတစ်ခုဖြစ် ပါစေ

မနေ့ညက ဖုန်းနံပါတ်စိမ်းတစ်ခုဝင်လာလို့ ကိုင်လိုက်တော့..

"ဟယ်လို..''

"မနက်ဖြန် မင်းချစ်သူက မင်းကိုသစ္စာဖောက်ပြီး စေ့စပ်ရမဲ့ကောင်မလေးနဲ့သွားတွေ့မှာ..''

"ခင်ဗျား ဘာတွေ လာပြောနေတာလဲ နောက် ခင်ဗျားဘယ်သူလဲ ''

"ငါဘယ်သူလဲထက် မင်းက ထားရစ်ခံရတော့မှာလေ...ငါပြောတာသေချာလား မသေချာလား သွားကြည့်ပေါ့ ''

ပြောပြီးဖုန်းကျသွားတယ် နောက် နေရာကို မက်ဆေ့လာပို့တယ်..

မမုန်းပါနဲ့လား💜(Completed )Dove le storie prendono vita. Scoprilo ora