#Uni#
ချာတိတ်ကို ကားပေါ်တင်ပြီး ခါးပတ်ပတ်ပေးတါတောင်..လူကို ဆံပင်တွေဆွဲနေလို့ မနည်းလွှတ်ခိုင်းရတယ်..
"ချာတိတ်..နာလိုက်တာ..''
".....''
"ဘာလို့ဆွဲတာလဲ..ကွာ..''
"ဆံပင်မရှိဘဲ ကတုံးကြီးဆို ဘယ်လိုနေမလဲ သိချင်လို့..''
အမလေး..ကြောက်စရာကြီး... တော်သေးတယ်..ဆံပင်မကျွတ်သွားတာ..
ကားမောင်းနေရင်းနဲ့လဲ..ရစ်နည်းမျိုးစုံနဲ့ ရစ်ပါလေရဲ့ ....
"ဒီမှာ..ဘာလို့ ကားဆိုတာ...ဓာတ်ဆီထည့်ရတာလဲမသိဘူးနော်..အဲ့အစား ရေသာဆို..အကုန်ကျသက်သာမှာ..''
"....''
"နောက် ဘာလို့ ကားကို အတောင်ပံ မတပ်ပေးလဲမသိဘူး..မဟုတ်ရင် လေထဲမှာ ပျံနေမှာကို..''
အမြန်အိမ်ကိုရောက်ဖို့သာ တွေးရင်း မောင်း နေတော့..လူကို အသံကျယ်ကြီး နဲ့ လာအော်တယ်...
"ဒီမှာ........''
"အာ..နားတောင်အူသွားတာဘဲကွာ..''
"ဒီမှာ ပြောပြနေတာ နားထောင်လေ..ရိုင်းလှချည်လား...''
"ဟူးးးးး ''
"ခု သက်ပြင်းချလိုက်တာလား...ပြော..စိတ်မရှည်တာလား ခင်ဗျားက... ကျုပ် အတွေးတွေက အဖိုးတန်တယ်ဆိုတာ သိလား...''
"မင်း စကားအရမ်းများတယ်ကွာ..ချာတိတ်ရာ..''
ပြောတော့ နှုတ်ခမ်းကြီးစူ လက်ကြီးပိုက်ပြီး..လူကိုလာကြည့်တယ်..အဲ့လိုမလုပ်စမ်းပါနဲ့..အသဲယားလာပြီကွာ..
မဖြစ်ဘူး..ကားကိုသာ စိတ်နှစ်ပြီး..မောင်းနေလိုက်ရတယ်..
အိမ်ရောက်တော့လဲ..ရစ်တာရစ်တာဆိုတာ..တအိမ်လုံး မီးဖွင့်ထားတတ်တဲ့ ကိုယ့်ကို..
နိုင်ငံတော်ရဲ့ အသုံးစရိတ်တွေကို ပိုကုန်ကျအောင်ဖြုန်းတီးပါတယ်တဲ့..အဲ့လောက်အပြစ်ကြီးသွားလား..မီးလေးဖွင့်တာကို..
တစ်အိမ်လုံးကို ပတ်ပြီး..အပြစ်ရှာပြီးလို့..ခနလေးငြိမ်နေတော့..အဆင်ပြေသွားပြီ ထင်တာ..ဒင်းလေးတွေးနေတာက
BINABASA MO ANG
မမုန်းပါနဲ့လား💜(Completed )
Fanfiction#uni # မုန်းပြီးမှချစ်ရတာနဲ့..ချစ်ပြီးမှမုန်းတယ်ဆိုတာ..တူမလိုနဲ့တကယ်မတူဘူး. ..☺☺ မုန်းပြီးမှချစ်တယ်ဆိုတာ..ပြန်မုန်းဖို့လွယ်ပေမဲ့ ချစ်ပြီးမှမုန်းတာက ပြန်ချစ်ဖို့ အရမ်းခက်တာမျိုး💔💔 ငါပြောင်းလဲသွားတာမင်းကို မုန်းလို့ #jimin# နောင်တဆိုတာ နောင်မှရတယ်ဆိ...