#Uni #
"သေမလို့ ကားလမ်းမပေါ်ရပ်နေတာလား..သေချင်တခြားသွားသေ လိလို&^^#&^%''
နားထဲကြားလိုက်တာ ကားသမားရဲ့ဆဲသံ..
မျက်လုံးဖွင့်ကြည့်တော့...ကားသမားက လက်ခလယ်ထောင်ပြပြီး..ကားဆက်မောင်းသွားတယ်.."ငါ..ငါမသေဘူး..ယုန်ပေါက် ယုန်ပေါက်ရော..''
"ရှိပါတယ်..အာ..ကျွတ်ကျွတ်...ခင်ဗျား ဘာမှမဖြစ်ဘူးမလား..''
ယုန်ပေါက်က ထထိုင်ပြီး လူကိုကြည့်တယ်..ကိုယ်ကယုန်ပေါက်ဖက်ထားတာကြောင့် ပွန်းပဲ့ယုံကလွဲရင် ဘာမှမဖြစ်ပေမဲ့..
ယုန်ပေါက်က ခေါင်းထိသွားတယ် သွေးတွေနဲ့...
"ယုန်...ယုန်ပေါက်..သွေး..သွေးတွေ...''
ပြောယုံရှိသေး ယုန်ပေါက်က ကိုယ်ဘာမှမဖြစ်မှန်းသိတော့ စိတ်လျော့လိုက်ပုံဘဲ ပခုံးပေါ်မေ့လဲကျသွားတယ်..
"ယုန်ပေါက်...ကယ်ကြပါအုံး...လုပ်ကြပါအုံး..ယုန်ပေါက် မင်းမသေရဘူးနော်..ယုန်ပေါက် ''
"အ...ကို..''
အသံလာရာကြည့်တော့ ကားလမ်းမပေါ်မှာ ဆိုမီ..သေချာတယ် ဆိုမီဘဲ...သူတဖြည်းဖြည်း ကျွန်တော်တို့နားကပ်လာတယ်...
"မဖြစ်ဘူး မင်း ယုန်ပေါက်ကိုခေါ်သွားလို့မဖြစ်ဘူး..ယုန်ပေါက်မရှိဘဲ ငါမနေနိုင်ဘူး..''
စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာက သေပြီးသားသူကိုမြင်ရတာက ကိုယ်မကြာခင်သေဆုံးတော့မှာ ဒါမှမဟုတ် ကိုယ့်အသိပတ်ဝန်းကျင်ကလူတစ်ယောက်ယောက် သေတတ်တယ်တဲ့....
ခုဆိုမီ လက်တွေက ယုန်ပေါက်ကို ထိခံနီး ကျွန်တော် အကျယ်ဆုံးအော်လိုက်မိတယ်..
"မခေါ်သွားနဲ့......''
အသံကြားလို့ လူတွေအုံလာသလို ကျွန်တော်နှလုံးသားလေးလဲ အရမ်းမောပန်းနေခဲ့ပြီ...
ယုန်ပေါက်ကို ကျစ်နေအောင် ဖက်ထားရင်း သတိလစ်ချင်သလိုလို ဖြစ်လာတော့..မမေ့သွားခင် ဆိုမီကိုလေသံတိုးတိုးလေးနဲ့ ကြည့်ရင်းပြောမိတာက
"မင်း...ယုန်ပေါက်ကို ခေါ်သွားလို့မရဘူး..မပေးနိုင်ဘူး..''
ပြောပြီးရော အမှောင်ထုထဲရောက်သွားသလို ယုန်ပေါက်ကိုဖက်ထားရင်း....jiminဟာအသိစိတ်မရှိ မေ့မြောသွားခဲ့တယ်
YOU ARE READING
မမုန်းပါနဲ့လား💜(Completed )
Fanfiction#uni # မုန်းပြီးမှချစ်ရတာနဲ့..ချစ်ပြီးမှမုန်းတယ်ဆိုတာ..တူမလိုနဲ့တကယ်မတူဘူး. ..☺☺ မုန်းပြီးမှချစ်တယ်ဆိုတာ..ပြန်မုန်းဖို့လွယ်ပေမဲ့ ချစ်ပြီးမှမုန်းတာက ပြန်ချစ်ဖို့ အရမ်းခက်တာမျိုး💔💔 ငါပြောင်းလဲသွားတာမင်းကို မုန်းလို့ #jimin# နောင်တဆိုတာ နောင်မှရတယ်ဆိ...