Part 1 🦋Unicode🦋

684 59 8
                                    

Coffeeဆိုင်ထဲကို ရုပ်ချောချောနဲ့ စမတ်ကျကျဝတ်စားထားတဲ့ ကောင်လေးသုံးယောက်ဝင်လာလေသည်။ဆိုင်ထဲကကောင်မလေးတွေရဲ့အကြည့်တွေကတော့ ထိုကောင်လေးသုံးယောက်ထံမှာဝဲပျံနေတော့တာပေါ့။

ထိုကောင်လေးသုံးယောက်လဲ စားပွဲဝိုင်းတစ်ခုမှာဝင်ထိုင်လိုက်ကာ Coffeeသုံးခွက်မှာလိုက်ကြလေသည်။ခဏကြာတော့စားပွဲထိုးကောင်လေးလဲ လာချပေးတာပေါ့။

ထိုအထဲမှာ အသားခပ်ညိုညိုနဲ့ကောင်လေးတစ်ယောက်က ဖုန်းသုံးနေရင်းနဲ့မှ စားပွဲထိုးလေးလာချပေးတဲ့ သူ့ရှေ့ကCoffeeခွက်ကိုကြည့်ကာ

Tay : ဟာ ငါကထမင်းစားချင်တာလေ ဘာလို့Coffeeခွက်ကြီးလာချပေးနေရတာလဲ

Tayစကားကြောင့် စားပွဲထိုးကောင်လေးလဲကြောင်တောင်တောင်ဖြစ်သွားတာပေါ့။ဒါနဲ့ဘဲ သူ့ဘေးမှာထိုင်နေတဲ့ အသားဖြူဖြူမျက်လုံး‌ခပ်မှေးမှေးနဲ့ကောင်လေးက Tayရဲ့ခေါင်းကိုရိုက်ချလိုက်ပါတော့တယ်။

Off : မင်းရူးနေလား ဒါထမင်းဆိုင်မှမဟုတ်တာ ဘယ်ကထမင်းကရမှာလဲ

Tay: Shit....Off ခွေးကောင် နာတယ်ကွ ငါမှမသိတာကို

Off: ဘယ်သိမလဲ ဆိုင်ထဲစဝင်လာထဲက ကောင်မလေးတွေကို ပဲတွေအပေးလွန်နေတာလေ အဲ့တာကြောင့် ထမင်းဆိုင်မှန်းမသိ Coffeeဆိုင်မှန်းမသိဖြစ်နေတာမဟုတ်လား

နောက်ကောင်လေးတစ်ယောက်ကလဲ Offနဲ့Tayကိုကြည့်ကာ ရယ်လိုက်ပီး

Podd : ဒီတစ်ခါတော့Offမှန်တယ် Tay မင်းကလဲလေ Offပြောလဲပြောချင်စရာဘဲ ဆိုင်ထဲစဝင်လာတော့လဲ ပဲများနေတယ် ထိုင်လိုက်ပြန်တော့လဲ ဖုန်းဘဲကလိနေတယ် ငါတို့ကိုလဲဂရုစိုက်ပါအုံးကွ

Tay : မင်းတို့ကိုဂရုစိုက်ရအောင် မင်းတို့ကအိုနာကျိုးကန်းတွေမို့လို့လား

Off : ကန်းမှာကမင်း ဖုန်းထဲကိုမျက်လုံးလဲကျွတ်ကျပီး ဝင်သွားအုံးမယ် ဘာတွေအဲ့လောက်စိတ်ဝင်တစားကြည့်နေတာလဲ

Tay : ဒီမှာကွ ဒီစော်လေးလန်းတယ်မဟုတ်လား ငါ့ကိုလာအီနေလို့

Offနဲ့Poddလဲ Tayပြတဲ့ပုံကိုကြည့်လိုက်တော့ ကောင်မလေးကတကယ့်အလန်းလေးဖြစ်နေလေသည်။

မတည့်အတူနေWhere stories live. Discover now