Part 8 🦋Unicode🦋

249 36 4
                                    

"ကဲ ကလေးတွေ ဒီကအကိုတွေအမတွေက မင်းတို့ရဲ့စီနီယာတွေဘဲ သူတို့ကိုရိုရိုသေသေ လေးလေးစားစားဆက်ဆံကြနော်"

"ဟုတ်ကဲ့ပါ"

စီနီယာတွေရဲ့မျက်နှာကိုGunနဲ့Khaoတို့မော့ကြည့်လိုက်တော့ လူတွေကြားထဲမှာ ထင်ရှားစွာပေါ်လွင်နေတဲ့ Poddနဲ့Offကိုတွေ့လိုက်ရလေသည်။

Khao: Gun Gun  ဟိုမှာ ငါတို့အိမ်ကနှစ်ယောက်မဟုတ်လား

Gun : ဟုတ်ပ ဘယ်လိုရေစက်လဲမသိပါဘူး မတွေ့ချင်ပါဘူးဆိုမှလာတွေ့နေသေးတယ်

Khao : အဲ့ထက်ဆိုးတာက သူတို့ကငါတို့ရဲ့စီနီယာဖြစ်နေတာဘဲ

Gun : ဟုတ်ပကွာ ဒီချီးထုတ်တွေနဲ့တော့ခဏခဏတွေ့ရတော့မယ်ထင်ပါရဲ့

Poddနဲ့Offလဲလူတွေအများကြီးကြားထဲကနေ သူတို့ကိုကြည့်ကာ တိုးတိုးတိုးတိုးနဲ့ပြောနေတဲ့ Gunနဲ့Khaoကိုမြင်သွားကြလေသည်။

Off : ဟိတ် ဟိုနှစ်ယောက်မတ်တပ်ရပ်စမ်း

Gunနဲ့Khaoလဲဘေးတွေ အနောက်တွေလှည့်ကြည့်နေတာပေါ့။

Podd : လှည့်ကြည့်မနေကြနဲ့ မင်းတို့နှစ်ယောက်ကိုပြောနေတာ

Khaoလဲသူ့ကိုယ်သူလက်ညှိုးထိုးကာ "သူ့ကိုပြောတာလား" ဆိုတဲ့ပုံစံနဲ့မေးငေါ့ပြလိုက်လေသည်။

Podd : ဟုတ်တယ် မင်းကိုပြောနေတာ

Off : မင်းဘေးကကောင်လေးပါထ

ဒါနဲ့ဘဲ Gunနဲ့Poddတို့လဲထလိုက်ကြလေသည်။

Off : စီနီယာတွေနဲ့မိတ်ဆက်ပေးနေတာကို မင်းတို့နှစ်ယောက်က ဘာလို့စကားများနေရတာလဲ

Gun : ဘယ်မှာစကားများလို့လဲ

Off : အိုးဟို ဗြောင်လိမ်နေတာပါလားကွ

Gunကတော့Offကိုမျက်စောင်းထိုးလိုက်လေသည်။

Off : ကိုယ့်ရဲ့စီနီယာကိုမျက်စောင်းထိုးရလောက်အောင်ကို ရဲတင်းနေပါလား ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲ

Gunလဲစိတ်ထဲကနေ "သိရဲ့သားနဲ့လာမေးနေရသေးလားမျက်မှေးကောင်ရဲ့" ဟုပြောနေလေတော့သည်။သိုသော်လည်း လူအများကြီးရှေ့မှာဆိုတော့ စိတ်ကိုထိန်းကာ

မတည့်အတူနေWhere stories live. Discover now