"Mae သားတို့သွားတော့မယ်နော်"
"အေးပါကွယ် Maeလိုက်မပို့တော့ဘူးနော် နောက်မှလာလည်မယ်"
"ဟုတ်Mae ဒါဆိုသားတို့သွားပီနော်"
ကားမောင်းကာထွက်သွားတဲ့ သားတော်မောင်Gunနဲ့သူတူ့နှစ်ယောက်ဖြစ်တဲ့ Newနဲ့Khaoကို Maeကတော့ကားလေးမျက်လုံးအောက်ကပျောက်သွားတဲ့အထိလိုက်ကြည့်နေလေရဲ့။
Gunတို့ခြံရှေ့ရောက်တော့ လူသုံးယောက်ကခြံရှေ့မှာ စိတ်ရှုပ်နေတဲ့ပုံနဲ့ရပ်နေကြတာကိုတွေ့လိုက်ရလေသည်။
Gunလဲကားပေါ်မှဆင်းကာထိုလူတွေရဲ့အနောက်နားသို့သွားရပ်လိုက်လေသည်။ထိုလူတွေကတော့သူတို့နောက်မှာရပ်နေတဲ့Gunကိုမမြင်ကြပေ။
Off : မင်းကိုသော့ပေးမိတာကိုက ငါမှားတာ ငါ့ဘာသာငါသိမ်းထားရမှာ
Podd : မင်းကလဲသော့လေးတစ်ချောင်းတောင်သေချာမသိမ်းတတ်ဘူးလား ဘာလို့Tay ကိုသွားပေးနေရတာလဲ အဲ့ကောင်ကနဂိုထဲကမှ တလွဲကောင်ကို ခုတော့သော့ပျောက်သွားပီ ခြံထဲကိုဘယ်လိုဝင်ရမှာလဲ
Tay : ငါလဲသေချာသိမ်းတာဘဲလေ သူ့ဘာသာသူပျောက်သွားတာတော့ ငါလဲမတတ်နိုင်ဘူး
Podd : အမယ် သော့ကဘဲ သူ့ဘာသာသူပျောက်ရတယ်ရှိသေး မင်းဂရုမစိုက်လို့ပျောက်တာပေါ့ကွ
Off : တော်ကြပါကွာ ငြင်းမနေကြနဲ့ နားကိုညီးနေတာဘဲ အခုခြံထဲကိုဘယ်လိုဝင်ရမလဲဆိုတာကိုဘဲစဉ်းစားကြရအောင်
Tay : သော့ဖျက်ပီးဝင်ရင်ရော
Podd : အေး အဲ့တာမဆိုးဘူး
Off : ဒါဆိုငါလုပ်လိုက်တော့မယ်
လမ်းဘေးမှာတွေ့တဲ့ အုတ်ခဲကျိုးကိုကောက်ကိုင်ကာ ခြံတံခါးသော့ကို ရိုက်ဖွင့်ရန်Offလက်ကိုမြှောက်လိုက်ချိန်တွင် အသံစူးစူးလေးတစ်ခုကသူတို့နောက်ကထွက်ပေါ်လာလေသည်။
" ဟိတ်လူတွေ ဘာလုပ်တာလဲ"
"ခြံတံခါးသော့ဖျက်နေတာမင်းမမြင်ဘူးလား"
ပြောပီးတာနဲ့နောက်ကိုလှည့်ကြည့်လိုက်တော့ ဟိုနေ့ကShopping Mallမှာ သူနဲ့အတူတူလက်ပတ်လုဝယ်ခဲ့တဲ့ ကောင်လေးဖြစ်နေလေရဲ့။
YOU ARE READING
မတည့်အတူနေ
Fanfictionတစ်ယောက်နဲ့တစ်ယောက် ကြည့်မရတဲ့ လူခြောက်ယောက် အိမ်တစ်အိမ်ထဲမှာ စုနေမိသောအခါ.....💚💙🧡