"အဲ့လူကြီးကကွာ တကယ်ရယ်ရတာသိလား ငါစလိုက်တာကို ရှက်သွားတာထင်တယ် မျက်နှာကြီးကိုနီရဲသွားတာဘဲ"
ရယ်မောပီးပြောနေတဲ့ Khaoကိုကြည့်ကာ Gunနဲ့Newလဲပြုံးစိစိနဲ့ပေါ့။
New : မင်းကသူ့ရဲ့ရင်ဘတ်ကိုသွားကိုင်တာကိုး သူ့နေရာမှငါဆိုလဲ အမှတ်တမဲ့ဆိုတော့လန့်သွားမှာဘဲလေ
Khao : ယောက်ကျားလေးအချင်းချင်းဘဲဟာကို ဘာလို့လန့်နေရမှာလဲ
New : အမှတ်တမဲ့မို့လို့ဖြစ်မှာပါဆိုနေမှ ဒီကောင်ကတော့
Khao : ဘာဘဲဖြစ်ဖြစ်ပါ သူရှက်သွားတဲ့ပုံကတကယ်ရယ်ရတယ်
New : ငါလဲမင်းတို့ကိုပြောရအုံးမယ် ငါနဲ့တွေ့ခဲ့တဲ့သူက တကယ်တလွဲကောင်ကွ ခြေချော်ပီး သူ့ရှေ့ကကောင်မလေးရဲ့ရင်ဘတ်ကိုသွားကိုင်လိုက်မိတယ်လေ
Gun : အဲ့တော့သူပါးရိုက်ခံလိုက်ရရောလား
New : အရိုက်တော့မခံရပါဘူး ဒါပေမယ့်ကောင်မလေးကတော့ရှက်ပီး သူ့ကိုပြောဆိုလုပ်တာပေါ့ ပီးတော့နောက်ကိုမကြည့်ဘဲပြန်လှည့်တာ ငါ့ကိုဝင်တိုက်မိပြန်ရော
Khao : ဒါဆိုP'Newပြောတဲ့သူက တော်တော်လွဲနိုင်တာဘဲနော်
New : ဟုတ်ပ လွဲတာမှတော်တော်ကိုလွဲတာ မသိရင်တော့သူ့ကိုယ်သူ မင်းသားStyleနဲ့
Gun : ကျွန်တော်လဲဒီနေ့လူတစ်ယောက်နဲ့တွေ့ခဲ့တယ် သူနဲ့ကျွန်တော်ကလက်ပတ်လေးတစ်ခုကို အတူတူလိုချင်ကြပီးလုယူမိကြတာလေ
Khao : အဲ့တော့ဘယ်သူရသွားလဲ
Gun : သေချာပေါက်ငါဘဲပေါ့ကွ
New : မင်းကအရင်ကအဲ့လိုလုယူတတ်တဲ့သူမျိုးမဟုတ်ပါဘူး ဘယ်လိုဖြစ်ရတာလဲGun
Gun : ပထမတော့သူကောင်းကောင်းမွန်မွန်ပြောရင် သူ့ကိုပေးလိုက်တော့မလို့ပါဘဲ ဒါပေမယ့်သူကကျွန်တော့်ကို ဂျစ်ကန်ကန်နဲ့ပြောတော့ မပေးချင်တော့လို့ ဆွဲလုယူလာတာ
Khao : မင်းကတော့ဖြစ်ရမယ်
New : ဒါဆိုဒီနေ့ငါတို့အားလုံး ကံဆိုးနေလို့ အဲ့လိုလူတွေနဲ့တွေ့တာဖြစ်မယ် အဲ့တော့ ငါတို့လမ်းထိပ်ကဆိုင်မှာ မုန့်သွားဝယ်စားကြမယ်
YOU ARE READING
မတည့်အတူနေ
Fanfictionတစ်ယောက်နဲ့တစ်ယောက် ကြည့်မရတဲ့ လူခြောက်ယောက် အိမ်တစ်အိမ်ထဲမှာ စုနေမိသောအခါ.....💚💙🧡