Part 5 🦋Unicode🦋

277 40 6
                                    

Offတို့အခန်းထဲကိုဝင်ကြည့်တော့ အခန်းကအကျယ်ကြီးဖြစ်လေသည်။ဘယ်အရာကိုမဆို နေရာတကျထားထားတာကိုကြည့်ရုံဖြင့် ထိုအိမ်ပိုင်ရှင်ကဘယ်လောက်အထိ သန့်ရှင်းသပ်ရပ်လဲဆိုတာကို သိရသည်။

Off : အခန်းကအကျယ်ကြီးဘဲ မိုက်တယ်ကွ

Podd : ဟုတ်တယ်နော် ပီးတော့အကုန်လုံးကိုနေရာတကျနဲ့ သေသေသပ်သပ်ထားထားတာဘဲ

Off : အဲ့တော့မင်းတို့တွေလဲ ပိုင်ရှင်ထားသလို အကုန်လုံးကိုသေသေသပ်သပ်နဲ့ထားကြ ဟိုကောင်Tay မင်းကပိုဂရုစိုက်သင့်တယ်နော်

Tay : ငါကဘာလို့ပိုပီးဂရုစိုက်ရမှာလဲ

Off : မင်းကအမြဲလွဲနေတာလေ အဲ့တော့တစ်ခုခုကိုတက်နင်းမိပီးပျက်စီးတာတို့ ဘာတို့ဖြစ်နေမှာစိုးလို့ပြောနေရတာ

Tay : အေးပါကွာ မင်းတို့ကလဲငါ့ဆိုရင်ပြောမယ်ဆိုတာချည်းဘဲ

Off : အဲ့တော့ဒီအခန်းမှာဘယ်သူနေမှာလဲ

Podd : ငါနေမယ်

Off : ဒါဆိုလဲမင်းအထုတ်တွေရွှေ့ပီးသေချာနေရာချထား Tayကရောဘယ်အခန်းမှာနေမှာလဲ

Tay : ငါအလယ်ခန်းမှာနေမယ်

Off: ပီးရော ဒါဆိုလဲ ငါကဟိုဘက်အစွန်ဆုံးအခန်းမှာနေလိုက်မယ်

Tay : Okလေ

အခန်းတွေက Offတို့သုံးယောက်ရဲ့အခန်းက တစ်တန်းထဲဖြစ်ပီး ကြားထဲမှာလူသွားလမ်းခြားထားကာ သူတို့နဲ့မျက်နှာချင်းဆိုင်မှာတော့ Gunတို့ညီအကိုသုံးယောက်ရဲ့အခန်းဖြစ်သည်။

Offတို့လဲ သူတို့နေကြမယ့်အခန်းထဲကိုသူတို့သယ်လာတဲ့အရာတွေရွှေ့ထည့်နေလေရဲ့။Gunတို့ညီအကိုသုံးယောက်ကလဲမနိုင်မနင်းနဲ့သယ်နေကြတော့တာပေါ့။

Gun : ဟူးးးးမောလိုက်တာဗျာ P'New ကျွန်တော်ခဏနားအုံးမယ် ပီးမှဆက်ရွှေ့မယ်

Newကတော့အထုတ်တွေသယ်နေရတာတောင်မှ ပါးစပ်ထဲမှာပီကေကဝါးနေပီး

New : သဘောဘဲ

Offလဲဆိုဖာပေါ်မှာခြေပစ်လက်ပစ်ထိုင်နေတဲ့Gunကိုကြည့်ကာစချင်လာပီး

Off : ဟေ့Tayနဲ့Podd မင်းတို့တွေကယောက်ကျ်ားလေးတွေမဟုတ်လား

Tay : အေးလေ မင်းမျက်လုံးမှုန်နေတာလား ပြစမ်းပါအုံး

မတည့်အတူနေWhere stories live. Discover now