"ဟားးးဟားးးကျောင်းတက်ခဲ့ရတဲ့နှစ်တွေထဲမှာ ဒီ
နှစ်အပျော်ဆုံးဘဲကွာ"အော်ရယ်ကာပြောလာတဲ့OffကိုTayကြည့်ကာ
မျက်စောင်းထိုးလိုက်ပီးTay : မင်းတို့နှစ်ယောက်ကတော့ ဟိုကလေး
နှစ်ယောက်ကိုအနိုင်ကျင့်ခဲ့ရလို့ပျော်နေမှာပေါ့ ငါက
တော့မပျော်ဘူးဟေ့Podd : ထားလိုက်စမ်းပါTayရာ သူနဲ့သူငယ်ချင်းမဖြစ်ရတော့ရောဘာဖြစ်လဲ မင်းမှာငါတို့ရှိနေတာဘဲဟာ
Off : အေးလေကွာ စိတ်ညစ်မနေစမ်းပါနဲ့
Tay : မင်းတို့နဲ့ငါကအတူတူတက်ရတာမှမ
ဟုတ်တာ သူနဲ့ကအတူတူတက်ရတာလေ ခုံကလဲ
ကပ်ရပ် အဲ့တာကြောင့်ငါကသူငယ်ချင်းလုပ်ကြမလားလို့မေးမိတာ အဲ့တာကိုချေမိုးနေတာနဲ့ ငါနဲ့အခုတော့ကမ္ဘာ့ရန်တွေဖြစ်သွားကြပီPodd : ကဲပါ ထားလိုက်ပါတော့ ခုညငါတို့
နှစ်ယောက် ဟိုကလေးနှစ်ကောင်ကိုနိုင်ခဲ့တဲ့အထိမ်းအမှတ်အနေနဲ့ သောက်ကြရအောင်Off : အဲ့အကြံကောင်းတယ်
Tay : သောက်မယ်ဆိုရင်လဲခုထဲကသွားဝယ်ကြ
မယ်လေ ခုတောင်6နာရီထိုးနေပီOff : Ok သွားကြမယ်
Offတို့သုံးယောက်ထွက်သွားတော့ တိုင်ကိုကွယ်ကာ ခိုးနားထောင်နေတဲ့ Gunတို့ညီအကိုသုံးယောက်
ထွက်လာကြလေသည်။New : သူတို့ကငါတို့ကိုလှောင်ပီးတော့တောင် အ
ရက်သောက်အုံးမယ်တဲ့ စိတ်တိုဖို့ကောင်းလိုက်တာKhao : ဟုတ်ပဗျာ ကျွန်တော်တော့အဲ့
သုံးယောက်ကိုလုံးဝမကျေနပ်ဘူးGun : ငါရောဘဲ သူတို့ကမင်းနဲ့ငါ့ရဲ့စီနီယာတွေဖြစ်နေတော့ငါတို့ကို နေ့တိုင်းကျောင်းမှာဒုက္ခပေးနေ
တော့မှာKhao : အဲ့တာတော့အမှန်ဘဲ ငါကျောင်းတောင်
ပြောင်းချင်လာပီကွာNew : သူတို့ကိုအဲ့လိုလွယ်လွယ်နဲ့အရှုံးမပေးနဲ့လေ အဲ့လိုလုပ်လိုက်ရင်သူတို့က ပိုပျော်သွားကြမှာပေါ့
Gun : အဲ့တာဟုတ်တယ် ငါတို့သူတို့ကိုတစ်နည်း
နည်းနဲ့ပြန်တိုက်ခိုက်ရမယ်
YOU ARE READING
မတည့်အတူနေ
Fanfictionတစ်ယောက်နဲ့တစ်ယောက် ကြည့်မရတဲ့ လူခြောက်ယောက် အိမ်တစ်အိမ်ထဲမှာ စုနေမိသောအခါ.....💚💙🧡