ညနေဘက်ရောက်တော့ Khaoက ထမင်းသွားစားရန် Newရဲ့အခန်းတံခါးကိုသွားခေါက်လေသည်။
Khao : P'New P'New ထမင်းသွားဝယ်စားကြမယ်လေ
Newတစ်ယောက်ကတော့ အခန်းထဲမှာ တခြားပရိဘောဂတွေထက် သူ့ရဲ့မုန့်ထုတ်တွေကပိုပီးများနေလေသည်။
အခုလဲကုတင်ပေါ်မှာ စားသောက်လက်စမုန့်တွေ အအေးတွေကမနည်းမနောပင်။Khaoရဲ့ခေါ်သံကြောင့် လက်ထဲမှာကိုင်ထားတဲ့ မုန့်ကိုပါးစပ်ထဲအတင်းထိုးထည့်ကာ တံခါးဖွင့်ပေးရန်ထွက်လာလေသည်။
New: ဘာလဲဟျောင့်
Khao : ထမင်းသွားစားမလို့လာခေါ်တာလေ
New : အော် အေး ဟုတ်သားဘဲ မင်းGunကိုရောသွားခေါ်ပီးပီလား
Khao : မခေါ်ရသေးဘူး P'Newကိုအရင်လာခေါ်တာ
New : အေးပါကွာ ငါလိုက်ခဲ့ပါ့မယ် တကယ်တော့ငါသိပ်ပီးဗိုက်မဆာဘူးကွ
KhaoလဲNewရဲ့"ဗိုက်မဆာဘူး"ဆိုတဲ့စကားကိုကြားတော့ ပါးစပ်လေးဟောင်းလောင်းနဲ့Newကိုကြည့်နေတော့တာပေါ့။
Newကတော့သူ့ကိုကြက်သေသေပီးကြည့်နေတဲ့ Khaoရဲ့ပုခုံးကိုရိုက်လိုက်ကာ
New : ဘာလို့ငါ့ကိုအဲ့လောက်ကြည့်နေရတာလဲ မင်းအကိုငါကအရမ်းချောနေလို့လားကွ
Khao : ဘယ်ကသာ P'Newကဗိုက်မဆာဘူးဆိုလို့ အံ့ဩပီးကြည့်မိတာပါဗျာ
New : အဟီးးးငါဗိုက်မဆာဘူးဆိုတာက ခုနမှမုန့်တွေအများကြီးစားထားလို့😁
Khao : တွေ့လား ချီးကျူးကိုမခံဘူး မဆာလဲလိုက်ခဲ့ ပီးရင်P'Newဘဲခေါင်းတောင်မဖော်ဘဲစားတော့မှာ
New : ဒီကလေးငါလုပ်လိုက်ရ အကြီးကိုပြန်ပီးပြောနေတယ် လာ Gunကိုသွားခေါ်မယ်
ရှေ့ကနေ သူ့ကိုဆူပီးထွက်သွားတဲ့Newကိုကြည့်ကာ Khaoကတော့မျက်နှာလေးမဲ့နေလေရဲ့။
Khao : သူများပြောတာမဟုတ်တာကျနေရော
New : ဟေ့ ဘာပြောတာလဲ ငါကြားတယ်နော်
Khao လဲ ပုခုံးလေးကိုတွန့်လိုက်ကာ
Khao : ဘာလဲ ဘာပြောလို့လဲ ဘာမှလဲမပြောမိပါဘူး
![](https://img.wattpad.com/cover/254440838-288-k231275.jpg)
YOU ARE READING
မတည့်အတူနေ
Fanfictionတစ်ယောက်နဲ့တစ်ယောက် ကြည့်မရတဲ့ လူခြောက်ယောက် အိမ်တစ်အိမ်ထဲမှာ စုနေမိသောအခါ.....💚💙🧡