"သားGun ဒီနေ့သားရဲ့အကိုနဲ့ညီလေးလာလိမ့်မယ်နော် သားတို့အိမ်မပြောင်းခင်လိုအပ်တာလေးတွေအတူတူသွားဝယ်ကြပေါ့"
"ဟုတ်Mae"
Gunရဲ့အကိုနဲ့ညီဝမ်းကွဲတွေကတော့ တခြားသူတွေမဟုတ်ပါဘူး။Newနဲ့Khaoတို့ဘဲဖြစ်ပါတယ်။
NewကGunထက်၂နှစ်ကြီးပီး အရင်ကနိုင်ငံခြားမှာကျောင်းတက်နေတာပါ ဒီနှစ်မှဒီကိုကျောင်းပြန်ပြောင်းလာခြင်းဖြစ်သည်။
Khaoကတော့ Gunနဲ့အတန်းအတူတူ အသက်အတူတူပင်ဖြစ်သည်။GunကKhaoထက်လပိုင်းသာကြီးတာ
ကြောင့် ညီအကိုလိုရော သူငယ်ချင်းလိုပါနေကြလေသည်။အခုGunနဲ့Khaoက Uniပထမနှစ်တက်ရမှာဖြစ်ပီး Newကတော့တတိယနှစ်ဖြစ်သည်။
သူတို့ညီအကိုတွေအတူတူနေပီးကျောင်းတက်ချင်တယ်လို့ပူဆာထားလို့ သူတို့မိဘတွေက အိမ်တစ်လုံးငှားပေးထားခြင်းဖြစ်သည်။
တကယ်တော့Gunတို့လဲအဲ့အိမ်ကိုတစ်ခါမှသွားမကြည့်ရသေးပါဘူး။အိမ်သွားငှားတဲ့နေ့ကလဲ သူတို့သုံးယောက်က လိုက်မသွားဘဲGunတို့အိမ်မှာကျန်နေခဲ့ကာ အခန်း
အောင်းပီးဂိမ်းဆော့နေခဲ့ကြတယ်လေ။ခဏကြာတော့ ခြံထဲကိုဝင်လာတဲ့ကားသံကြောင့်Khaoတို့လာပီဆိုတာကိုသိလိုက်တာပေါ့။
New : Gunရေ Gun သွားကြမယ်လေ
Gun : ဟုတ် လာပါပီဗျာ သွားကြမယ်
Gunတို့လဲ Shoppingထွက်ရင်းနဲ့သူတို့အိမ်ပြောင်းရင် သုံးရမယ့် လိုအပ်တာတွေကိုလိုက်ကြည့်နေလေသည်။
Khao : P'New နဲ့ Gun ကျွန်တော်Toiletခဏသွားချင်လို့ အဲ့တာ....
Gun: ဟေ့ ဟေ့ ငါတို့အပေါက်ဝမှာလိုက်မစောင့်ပေးနိုင်ဘူးနော်
New : ဟုတ်သားဘဲကွာ ခုထိငယ်ငယ်ကလိုသရဲကြောက်တုန်းဘဲလား
Khao : ဟာ စကားကိုဆုံးအောင်နားမထောင်ဘူး ပြောချင်ရာဘဲစွတ်ပြောနေတယ်
Gun: မင်းလိုက်စောင့်ခိုင်းမလို့မဟုတ်ဘူးလား
Khao : ပေါက်ကရတွေ ငါကကလေးမှမဟုတ်တော့တာ ငါ့ကိုတစ်နေရာရာကစောင့်နေလို့ပြောမလို့ကွ
YOU ARE READING
မတည့်အတူနေ
Fanfictionတစ်ယောက်နဲ့တစ်ယောက် ကြည့်မရတဲ့ လူခြောက်ယောက် အိမ်တစ်အိမ်ထဲမှာ စုနေမိသောအခါ.....💚💙🧡