ဒီနေ့ကကျောင်းပထမဆုံးစတက်ရမည့်နေ့ဖြစ်သဖြင့် Gunတို့ညီအကိုသုံးယောက် မနက်စောစောထကာ ပြင်ဆင်ပီးကျောင်းသွားကြလေသည်။
ကျောင်းရောက်တော့.....
New : Gunနဲ့Khao မင်းတို့ကအခန်းအတူတူဘဲမဟုတ်လား
Khao : ဟုတ်တယ်လေ
New : ဒါဆိုမင်းတို့နှစ်ယောက်အတူတူသွားပီး တက်ရမယ့်အခန်းကိုရှာတော့နော် ငါလဲသွားရှာလိုက်အုံးမယ်
Khao : ဟုတ်ကဲ့
ဒီလိုနဲ့Newလဲသူတက်ရမယ့်အတန်းကိုယောင်လည်လည်နဲ့လိုက်ရှာတော့တာပေါ့။Gunနဲ့Khaoကတော့စကားတပြောပြောနဲ့အတန်းလိုက်ရှာနေတော့တယ်။
New တစ်ယောက်အတန်းလိုက်ရှာနေရင်းနဲ့ သူ့အရှေ့နားမှာ Tayကိုကောင်မလေးတွေကဝိုင်းပီးစကားပြောနေတာကိုမြင်သွားလေသည်။
"P'Tay ညီမနဲ့ဒီနေ့ထမင်းသွားစားရအောင်နော်"
"ကျောင်းဆင်းရင်ညီမနဲ့အတူတူရုပ်ရှင်သွားကြည့်ကြမယ်လေနော်"
"P'Tayဖုန်းနံပါတ်လေးသိလို့ရမလားဟင်"
Tayလဲသူ့ကိုတစ်ယောက်တစ်ပေါက်ဝိုင်းပြောနေကြတဲ့ကောင်မလေးတွေကိုကြည့်ကာ စိတ်ရှုပ်လာလေသည်။
ဒီကျောင်းမှာTay ,Off နဲ့ Poddတို့ကနာမည်ကြီးတွေလေ။ရုပ်တွေကလဲချော ချမ်းလဲချမ်းသာတော့ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတော့တာပေါ့။
Offနဲ့PoddကMajorတစ်ခုဖြစ်ပီး TayကMajorတစ်ခုဖြစ်တာကြောင့် ခုလိုကျောင်းတက်ရက်မှာတော့Tayကတစ်ယောက်ထဲအတန်းတက်ရသည်လေ။
ခုလဲသူ့ကိုဝိုင်းပြောနေကြတဲ့ကောင်မလေးတွေကို သူဘယ်လိုရှောင်ပြေးရမလဲစဉ်းစားနေရင်းနဲ့ သူနဲ့မလှမ်းမကမ်းမှာ ရပ်ပီးသူ့ကိုကြည့်နေတဲ့Newကိုတွေ့သွားကာ အကြံရသွားလေသည်။
"ဟေ့ သူငယ်ချင်းကြီး"
TayကNewကိုလက်လှမ်းပြကာ အော်ခေါ်လိုက်တော့ ကောင်မလေးတွေကNewကိုလှည့်ကြည့်ကြတော့တာပေါ့။NewလဲTayကဘယ်သူ့ကိုခေါ်မှန်းမသိတာကြောင့် နောက်ကိုလှည့်ကြည့်လိုက်လေသည်။
သို့သော်ဘယ်သူ့မှမတွေ့တာကြောင့်အူကြောင်ကြောင်လေးဖြစ်နေတာပေါ့။
YOU ARE READING
မတည့်အတူနေ
Fanfictionတစ်ယောက်နဲ့တစ်ယောက် ကြည့်မရတဲ့ လူခြောက်ယောက် အိမ်တစ်အိမ်ထဲမှာ စုနေမိသောအခါ.....💚💙🧡