Part 12 🦋Unicode🦋

285 36 6
                                    

Tayတို့တစ်နေ့လုံးကားစီးလာရတာ ညဘက်ရောက်
တော့မှဘဲ တောထဲသို့ရောက်လာခဲ့လေသည်။

ကားစီးလာတော့လဲ ကျန်တဲ့ခုံတွေကမလွတ်တော့တာကြောင့် Newနဲ့Tayက အတူတူဘေးချင်းကပ်ပီး ထိုင်ရပြန်ပါသည်။

Newကတော့ Tayနဲ့အတူတူမထိုင်ချင်ဘဲထိုင်နေရတာကြောင့်ဆူပုတ်နေတော့တာပေါ့။တစ်လမ်းလုံးလဲ မုန့်တွေတစ်ထုတ်ပီးတစ်ထုတ်ဖောက်စားနေတော့
တယ်။

စားလို့မောသွားတော့Newအိပ်ငိုက်လာပီလေ။
သူ့ဘေးမှာထိုင်နေတဲ့Tayရဲ့ပုခုံးပေါ်ကိုခေါင်းကသွားသွားပီး မှီမိနေလို့ သူ့ကိုယ်သူ မနည်းပြန်ထိန်းနေရ
တယ်။

"ကဲ ကဲ ရောက်ပီ အားလုံးဆင်းကြတော့"

Newတို့တောထဲကိုရောက်တော့ သူတို့အထဲကအဖွဲ့
ခေါင်းဆောင်က နှစ်ယောက်ဆီခွဲအိပ်ခိုင်းသဖြင့် Newလဲ သူနှင့်အတူအိပ်ရန်လူရှာနေလေသည်။

"ဟေးNew မင်းလူရှာနေတာလား"

အဖွဲ့ခေါင်းဆောင်က ဒီနှစ်မှကျောင်းပြောင်းလာတဲ့Newကို အဖော်မရှိမှာစိုးလို့မေးလိုက်တာကြောင့် Newခေါင်းညိမ့်ပြလိုက်လေသည်။

New: ဟုတ် ကျွန်တော်ဘယ်သူနဲ့အိပ်ရမှန်းမသိလို့

"ဟေ့ Tay မင်းလဲအတူတူအိပ်ဖို့ လူရှာနေတာမ
ဟုတ်လား"

Tay : ဟုတ်P

"တခြားလူတွေလဲသူ့လူနဲ့သူပြည့်နေကြပီ အဲ့တော့မင်းတို့နှစ်ယောက်အတူတူအိပ်လိုက်ကြ ရော့
ဒီမှာစောင်တွေ ခြင်ထောင်တွေလာယူကြ"

Newလဲသူနဲ့မတည့်တဲ့Tayနဲ့အိပ်ရတော့မယ်
ဆိုတော့လန့်သွားတာပေါ့။ဒါပေမယ့်Tayကတော့ဘာမှမဖြစ်တဲ့ပုံစံနဲ့သူ့ကိုကြည့်နေလေရဲ့။

New : ဟိုလေ ကျွန်တော်တခြားသူနဲ့အိပ်လို့မရဘူးလားဟင်

Tay : ဘာလဲ မင်းကငါ့ကိုကြောက်လို့လား

သူ့ကိုပြုံးစိစိနဲ့ကြည့်ပီးမေးလာတဲ့ TayကိုNew
မျက်စောင်းထိုးကာ

New  : ငါကဘာလို့မင်းကိုကြောက်ရမှာလဲ

Tay : ဒါဆိုလဲအတူတူအိပ်ကြတာပေါ့

မတည့်အတူနေWhere stories live. Discover now