Part 10 🦋Unicode🦋

259 35 8
                                    

"ဒုန်း ဒုန်း ဒုန်း"

အိမ်သာတံခါးကိုအဆက်မပြတ်ထုနေတဲ့Podd
ရယ်ပါ။

"ဟာ အိမ်သာကလဲဘာလို့နှစ်လုံးဘဲရှိရတာလဲကွာ
ဟေ့ကောင်တွေ တစ်ယောက်မဟုတ်တစ်ယောက်
ထွက်ကြပါတော့ကွ အိပ်ပျော်နေကြတာလား"

Off : ထွက်လို့မရသေးဘူး ငါဗိုက်အောင့်တာသေ
တော့မယ်ကွ Tayကိုထွက်ခိုင်းလိုက်

Podd : Tay Tawan မင်းထွက်ခဲ့တော့ မင်း
အိမ်သာထဲဝင်တာ ဘယ်နှစ်ခါရှိနေပီလဲ

Tay : ခုမှ5ခါထဲကိုကွာ

အိမ်သာထဲကအသံသေးသေးလေးနဲ့အော်ပြောလာတဲ့ TayကိုPoddတကယ်စိတ်တိုမိပါသည်။5ခါက
နည်းသေးတယ်လို့ သူထင်နေလားမသိ☹️။

Podd : 5ခါကနည်းသေးလို့လားဟေ့ကောင်
ခုထွက်တော့ မထွက်ရင်ငါဒီမှာဘဲ ကိစ္စရှင်း
လိုက်တော့မှာနော် အဲ့တာဆိုမင်းတို့နှစ်ကောင်ပါ ကူပီးသန့်ရှင်းရေးလုပ်ပေးရလိမ့်မယ်

Tay : အေးပါကွာ ထွက်ပါပီ ထွက်ပါပီ

ဒီလိုနဲ့Tayတို့သူငယ်ချင်းသုံးယောက်တစ်နေ့လုံး
အိမ်သာလုနေကြလေရဲ့။Gunတို့သုံးယောက်
ကတော့ ကျောင်းမှာ Offတို့သုံးယောက်ကိုလှောင်
ပြောင်ကာ ရယ်မောနေကြလေရဲ့။

New : ခုလောက်ဆို ဟိုသုံးယောက်တော့ဘယ်
လိုတွေဖြစ်နေမလဲမသိဘူးနော်

Gun : တော်တော်ကြီးကိုဒုက္ခရောက်နေလောက်
ရောပေါ့

Khao : အဲ့တာမှမှတ်မှာ သူတို့ကမဟုတ်ရင်ကျွန်
တော်တို့ကိုအနိုင်ကျင့်ချင်နေတာ

New : ဟုတ်ပ အခုတော့သူတို့ပြန်ခံစားရမယ်အ
လှည့်ဘဲ

Gunတို့အိမ်ပြန်ရောက်တော့ ဟိုသုံးယောက်က
မျက်ကွင်းလေးတွေညိုကာ သနားစရာလေးတွေဖြစ်
နေလေရဲ့။

Gun : ကဲ ဘယ်လိုလဲ အဆင်ပြေကြရဲ့လား

Off : ငါတို့ကိုသနားသလိုလာလုပ်မနေနဲ့

Gun : ဘယ်သူကရောသနားနေလို့လဲ တကယ်ဆိုအဲ့ထက်တောင်ခံရသင့်တာ

Off : ဒါ ဒါဆိုမင်းတို့လုပ်တာပေါ့

Gun : အိုးးးမျက်မြင်သက်သေမရှိဘဲဘာလို့လာ
စွပ်စွဲနေရတာလဲ

မတည့်အတူနေWhere stories live. Discover now