05

10.7K 929 56
                                    

[Zawgyi]

" ကားသော့ပေး ~ "

ရှင်းသော်ခ ပြောလိုက်တော့ ကျောပေးထားရင်းကနေ လှည့်ကြည့်လာသည့် မျက်ဝန်းပြာပြာတစ်စုံ။ မော့ကြည့်ပြီး ရှင်းပြောသည့်စကားကို ဘာမှမတုံ့ပြန်ပဲ သတိလွတ်နေသူတစ်ယောက်လို ရပ်မြဲတိုင်းရပ်နေသည်။

ထိုးမုန့်စားချင်သည်ဆိုတာကြောင့် ၂၁ မိုင် စားသောက်ဆိုင်ကနေ တစ်ဘူးဝယ်လာသည်။ အနေတော်အရွယ်အစားလေးတွေညှပ်ပြီး ထည့်ပေးလိုက်သည့် ထိုးမုန့်ဖော့ဘူးလေးက Reyဆက်လျှံ လက်ထဲမှာကိုင်လျက်သား။ ပါးစပ်ထဲမှာလည်း ဝါးလက်စထိုးမုန့်ကရှိနေပြီး ပါးစောင်တစ်ဖက်မှာလည်း အပြည့်ထည့်ထားပုံရတာကြောင့် ဖောင်းကားနေသေးသည်။

" ထိုးမုန့်စားမှာမလား ... ဘေးခုံမှာထိုင်ပြီး အေးဆေးစားတော့ ... ကားကို ကျွန်တော်မောင်းလိုက်မယ် ... တောင်တက်လမ်းဆိုတော့ အန္တရာယ်လည်းများလို့ "

" မောင် . မောင်က ကိုယ့်ကိုစိတ်ပူလို့လားဟင် "

မျက်လုံးလေးတွေ တောက်သွားကာ ဝါးလက်စထိုးမုန့်ကို အတင်းမြိုချရင်း ပြောလာသည့်ပုံက တကယ့်ကလေးငယ်လေးတစ်ယောက်လို။ သို့ပေမယ့် ဒီလူနှင့် မျက်နှာချင်းဆိုင် စကားပြောမိရင် စကားနာထိုးရမှ ကျေနပ်သည့် ဉာဉ်ဆိုးကြောင့် ရှင်းသော်ခ ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။

" ဟက် ! အပိုတွေမပြောပဲ ကျွန်တော်ပြောရင် ပြောတဲ့အတိုင်း လုပ်လိုက်လို့မရဘူးလား ... တောင်တက်လမ်းကို မောင်းရမှာလေ ... ခင်ဗျားမောင်းနေကျ မြေပြန့်တွေလို မဟုတ်ဘူး ... တစ်ခုခုဆို နှစ်ယောက်လုံး သေကုန်မှာစိုးလို့ပြောတာ "

" အော် ~ အဟိ.. အဲ့ဒါလည်း ဟုတ်တယ်... "

ညှိုးကျသွားသည့်မျက်နှာကို ချက်ချင်းဖုံးကွယ်ကာ လုပ်ယူပြီးပြုံးပြလာသည့် မျက်နှာလေးကြောင့် ရှင်းသော်ခရင်ထဲမှာ နောင်တမမြည်သောခံစားချက်လေးက ကပ်ပါလာသည်။ အဲ့သလိုဖြစ်စေချင်လို့ တမင်ပြောတာလည်း ကိုယ်ပဲ.. ပြီးရင် သူ့မျက်နှာမကောင်းတော့ နေလို့ထိုင်လို့အဆင်ပြေတာလည်း ကိုယ်သာလျှင်ဖြစ်သည်။

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now