Final

19.9K 847 59
                                    

[Zawgyi]

" အဆောင်မှာလိုတာရှိရင် စာရေးပြောဖို့လည်းမှာခဲ့နော် သား "

" ဟုတ်ကဲ့ပါ မေရယ် ... မှူးအိမ်က သူလိုတာရှိရင် မပြောပဲနေမယ့် သူမလို့လား ... ကလေးလည်းမဟုတ်တာကို "

မှူးအိမ်က အဆောင်ဝင်နေပြီမလို့ လိုအပ်တာတွေ သွားပေးဖို့ပြင်နေရင်း မေမေက ရှင်းကို မှာနေခြင်းဖြစ်သည်။ ပစ္စည်းတွေသာ ကူသယ်ပေးဖြစ်သည့် Rey ကတော့ အနားမှာ ဘာမှဝင်မပြောပဲ ခပ်ပြုံးပြုံးရယ်။

" မပြောပဲမနေပေမယ့် အဆောင်မှာ အဆင်မပြေမှာစိုးလို့ပါ သားရယ် "

" စိတ်ချပါ မေမေရ ... သားနဲ့ရှင်းနဲ့ မှူးအိမ်လေးကို မှာစရာရှိတာတွေ သေချာမှာခဲ့မယ် "

" အေးပါ သား Rey ရယ် "

ယောက္ခမနှင့်သားမက် တည့်နေကြတာကိုကြည့်ရင်း ရှင်းသော်ခမှာပြုံးမိသည်။ မေမေကလည်း Reyဆက်လျှံကို ချစ်ရှာသလို Reyဆက်လျှံကလည်း မေမေ့ကို အမေအရင်းလို ဂရုစိုက်ရှာသည်။

" လိုက်ခဲ့ပါဆိုတော့ကျ မလိုက်ခဲ့ဘူး မေရယ် "

" မေ့ကိုမြင်ရင် အိမ်လွမ်းပြီး အီလည်လည်ငိုမဲ့မဲ့လုပ်နေမှာစိုးလို့ပါ သားရယ် "

" မှူးအိမ်က လိမ္မာပါတယ် မေမေရယ် ... မေ့ကိုလည်း တွေ့ချင်ရှာမှာပေါ့ "

" မလိုက်တော့ပါဘူး သား Rey ရယ် ... နောက်နေ့မှပဲ သွားကြတာပေါ့ "

Rey က မေမေနှင့်စကားပြောနေတုန်း ရှင်းက ကားနောက်ခန်းမှာ ပစ္စည်းတွေကိုသေချာနေရာချပြီး တံခါးကိုပိတ်လိုက်သည်။ မေမေ့ကိုသေချာနှုတ်ဆက်ကာ မှူးအိမ်အတွက် ထမင်းချိုင့်လေးကိုတော့ Rey က ကိုင်ထားလိုက်ပြီး ကားမောင်းသူနေရာမှာ ဝင်ထိုင်ပြီးသည်ဖြစ်သည့် ရှင်းရဲ့ဘေးကခုံမှာ ဝင်ထိုင်လိုက်သည်။

" မှူးအိမ်ဆီကနေပြန်ရင်လေ အကို့ကို ခေါ်သွားစရာနေရာ တစ်ခုရှိတယ် "

" ဘယ်ကိုလဲ မောင် "

" အင်း ... နောက်မှပေါ့ "

" ဟွန့် "

အံ့ဩသွားအောင် လုပ်ချင်ပါတယ်ဆို ကြိုသိချင်နေသည့် Reyဆက်လျှံကလေးက တကယ့်ကလေးဆိုးလေး။

𝑴𝒚 𝑹𝒆𝒚 [Completed]Tempat cerita menjadi hidup. Temukan sekarang