16

9K 785 85
                                    

[Zawgyi]

ချိန်းဆိုထားသည့်ဧည့်သည်ကို Rey ရောက်နေသည့် ကော်ဖီဆိုင်မှာပဲ ချိန်းလိုက်တာကြောင့် Rey မှာ သုံးနာရီမထိုးမချင်း ထိုင်စောင့်နေရသည်။ စောင့်နေရတာကို ကြာတယ်လို့မတွေးမိပဲ ရှင်းအလုပ်လုပ်ခဲ့သည့် ဆိုင်လေးဖြစ်တာကြောင့် လူလည်ကြီးသားသမီး Rey က ရှင်းရဲ့အငွေ့အသက်တွေကို ကြာကြာခံစားနိုင်တယ်လို့သတ်မှတ်ပြီး ထိုင်စောင့်နေရသည်ကိုပင် ပျော်နေရသည်။

" ဟေး ... Rey "

" ဟာ ... ရောက်ပြီလား သတိုး "

" အေးကွာ ... ငါနောက်ကျသွားတာလား "

" မဟုတ်တာ ... ငါကအစောကြီးကတည်းက ရောက်နေတာမလို့ "

ထိုင်နေရင်း သုံးနာရီထိုးသွားတာကို သတိမထားမိလိုက်သည့် Rey က ဘေးနားကနေ သတိုးဟန်က အသံပေးတော့မှသာ သတိဝင်တော့သည်။

ချိန်းထားသည့် အလက်ဇန်းဒါးက သတိုးဟန်က Rey နဲ့ နိုင်ငံခြားမှာကတည်းက တော်တော်ကျောင်းနေဖက်မလို့ Rey စိတ်ကြိုက်နေရာကို ချိန်းဆိုနိုင်ခြင်းဖြစ်သည်။

ကျောင်းတုန်းကအတိုင်း မပြောင်းလဲသေးသည့် သတိုးဟန်က Rey ကို လက်နှစ်ဖက်ကားပေးထားတာမလို့ သူငယ်ချင်းတို့ထုံးစံအတိုင်း ထိုင်နေရာကနေထကာ ဖက်လဲတကင်းနှုတ်ဆက်လိုက်သည်။

" ဟဟ ~ ငါ့ကောင်ကြီး အိမ်ထောင်ကျပြီးကာမှ ပိုချောလာတယ် ... ယောက်ျားက မင်းကိုဥထားတယ်ပေါ့ ဟုတ်လား "

" ဟေ့ကောင် သတိုး ! "

" ဟားဟား ... "

ဖက်ထားရာကနေခွာကာ ပခုံးကိုပုတ်ရင်း စနောက်လာသည့် သတိုးကြောင့် Rey လည်း မှီရာလက်မောင်းကို လက်သီးနဲ့ ထိုးလိုက်တော့သည်။ ခေါင်းမော့လို့ အားရပါးရပြုံးရယ်နေသည့် သတိုးက အရင်လိုပေါ့ပေါ့ပါးပါး နေတတ်တုန်းဖြစ်သည်။

" ကဲ ဆိုပါဦး ... အလုပ်ကိစ္စမပြောခင် အဆင်ပြေရဲ့လား "

ဝတ်ထားသည့်ကုတ်အင်္ကျီက ကြယ်သီတစ်လုံးကိုဖြုတ်ရင်း မျက်နှာချင်းဆိုင်မှာဝင်ထိုင်ကာ မေးလာသည့် သတိုးကြောင့် Rey မျက်ခုံးတစ်ချက်ပင့်ပြလိုက်သည်။

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now