[Zawgyi]
စာတိုလေးတစ်စောင်ရယ်
ကြိုးနီလေးနဲ့ သွေးစက်တွေရယ်
ပြီးတော့ မျက်ရည်တွေနဲ့ မင်းရယ် ...°°°°°
သက်မတစ်ချက်ရှိုက်ကာ နိုးထလာရသည့်အချိန်က မနက်နှစ်နာရီခွဲသာ ရှိသေးသည်။ နံဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ရှင်းက Rey ရဲ့ လှုပ်ရှားမှုမှန်သမျှကို ဘာမှမသိသလို ငြိမ်ငြိမ်သက်သက် အိပ်ပျော်နေဆဲဖြစ်သည်။
ချာချာလည်လို့ မူးဝေနေသည့်ခေါင်းကို အသာဖိကိုင်ရင်း ကုတင်ခေါင်းရင်းမှာတင်ထားသည့် ရေကရားလေးကိုယူကာ ရေအနည်းငယ် ထည့်သောက်လိုက်သည်။ ခြောက်ကပ်နေသည့် လည်ချောင်းက ရေအကူအညီကြောင့် နေရထိုင်ရအဆင်ပြေသွားပေမယ့် Rey ရဲ့ မျက်လုံးတွေက ပူစပ်စပ်ဖြစ်နေသေးသည်။
" တစ်နေကုန်လုံး အကောင်းကိုကွာ ... ဘာဖြစ်ပြန်တာလဲ "
Rey နဲ့ဆို အမြဲစိတ်တိုနေတတ်သည့် ရှင်းက အခုချိန်မှာတော့ ဒေါသတွေကင်းစွာ အေးအေးချမ်းချမ်း အိပ်ပျော်နေသည်။ အိပ်ပျော်နေသည့် ရှင်းရဲ့နဖူးပေါ် ဝဲကျနေသည့် ဆံပင်တွေကိုလက်လှမ်းကာ အသာသပ်တင်ပေးလိုက်ရင်း နေလို့မကောင်းနေတာကြောင့် ပြန်အိပ်လို့မရတော့မယ့်အတူတူ ရှင်းကိုပဲ ထိုင်ကြည့်နေလိုက်တော့သည်။
အိပ်နေရင်း တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရပြီး စိတ်မလုံခြုံမှုကြောင့် အအိပ်ဆတ်သည့်ရှင်းက အိပ်နေရာကနေ နိုးလာသည်။ နိုးနိုးချင်းမြင်လိုက်ရသည့် Rey က ရှင်းရဲ့ဘေးမှာ ငုတ်တုပ်ထိုင်ရင်း ရှင်းကို စိုက်ကြည့်နေသည်။
" မအိပ် . ဟင်း ~ ခင်ဗျားမအိပ်သေးပဲ ဘာလုပ်နေတာလဲ ... ဘယ်နှစ်နာရီရှိနေပြီလဲ "
အိပ်ချင်နေသေးသည့်စိတ်ကို တွန်းလှန်ရင်း လှဲနေရက်ကနေ မေးလိုက်တော့ မေးတာကို ပြန်မဖြေပဲ မျက်နှာငယ်လေးနှင့် တစ်ခြားမေးခွန်းတစ်ခုကို ပြန်မေးလာသည်။
" ကိုယ့်ကြောင့်နိုးသွားတာလားဟင် မောင် ... တောင်းပန်ပါတယ်နော် "
" မအိပ်ပဲဘာလုပ်နေတာလဲလို့ မေးနေတယ်လေ "
" လည်ချောင်းတွေအရမ်းခြောက်နေလို့ ... ပြီးတော့ ခေါင်းလဲအရမ်းမူးနေလို့ မောင် "
KAMU SEDANG MEMBACA
𝑴𝒚 𝑹𝒆𝒚 [Completed]
Romansaခင်ဗျားနဲ့တော့ Reyဆက်လျှံရယ် ... ဆိုးလိုက်တာ ခင်ဗျားနဲ့တော့ Reyဆက်လျှံရယ် ... ဆိုးလိုက်တာ