[Zawgyi]
စီတန်းစိုက်ထားသည့် စတော်ဘယ်ရီပင်ပုပုလေးတွေကြား ငုတ်တုပ်ထိုင်နေသည့် Reyဆက်လျှံက ခေါင်းငုံ့ရင်း စတော်ဘယ်ရီ သေးသေးလေးတွေကို စိတ်ရှည်လက်ရှည်ခူးနေသည်။ ခူးပြီးသည့် အသီးလေးတွေကို လက်ထဲကဝါးခြင်းလေးထဲ ထည့်နေသည့်ထိုလူက လုပ်ချင်ရာလုပ်နေရလို့ တော်တော်ပျော်မြူးနေပုံရသည်။
" ဦးပါကြီးကို အားနာလိုက်တာ ... စီအီးအိုက ဟိုမှာဆို အလုပ်တွေများတော့ ဒီလာရတုန်းလေး သူပျော်နေတာ "
" ရပါတယ်ကွယ် ... အသက်က ငယ်ငယ်လေးရှိနေတာ လွတ်လွတ်လပ်လပ်နေချင်ရှာမှာပေါ့ ... ကဲ လွတ်လွတ်လပ်လပ်သာနေနော် ... အားမနာကြနဲ့ ... အေးအေးဆေးဆေးနေပြီးမှသာပြန် ... ဦးကတော့ အလုပ်ရှိလို့ သွားလိုက်ဦးမယ် "
ပခုံးကိုအသာပုတ်ရင်း ထွက်သွားသည့် ဦးပါကြီးကိုကြည့်ရင်း ရှင်းရဲ့အကြည့်တွေက စတော်ဘယ်ရီခင်းထဲကလူဆီ အကြည့်ပြန်ရောက်သွားသည်။ ရာသီဥတုက မနက်ခင်းစောစောဆို အေးနေပေမယ့် ခေါင်းပေါ်ကိုရွှေ့ပြောင်းလာသည့်နေကြောင့် ရာသီဥတုက ပူပြင်းနေသည်။ ဝတ်လာသမျှအနွေးထည်တွေကိုချွတ်ပစ်ပြီး တီရှပ်လက်တိုအဖြူလေးသာ ဝတ်ထားတော့သည့်လူရဲ့ ဖြူစွတ်စွတ်အသားအရည်က နေပူထဲမှာထင်းထွက်နေသည်။
" မောင် ! ဒီကိုလာပါဦး မောင် ... လာကြည့်ကြည့် ... ဒီအပင်သေးသေးလေးကို အသီးတွေသီးနေတာ ပြွတ်နေရောပဲ "
" ..... "
ရှင်းရှိနေသည့်နေရာကို လက်ဝှေ့ရမ်းပြရင်း စိုက်ခင်းထဲကို ခေါ်နေတာကြောင့် ရှင်းက လက်သာပိုက်ထားရင်း မလာဘူးဆိုသည့်သဘောနှင့် ခေါင်းရမ်းပြလိုက်တော့ မျက်နှာလေးက ဆူပုပ်သွားသည်။
ဦးထုပ်လည်းဆောင်းမထားတာကြောင့် နေပူကြဲကြဲမှာ နှာခေါင်းချွန်ချွန်နှင့် ပါးပြင်နှစ်ဖက်က ရဲစွေးနေသည်။ ထိုပုံစံတွေကို တွေ့မြင်နေရသည့် ရှင်းအတွက် ထိုလူက နူးနူးညံ့ညံ့ သူဌေးသားဆိုသည်ထက် နုနုနယ်နယ်ကလေးနှင့်ပင် ဆင်တူလှသည်။
" ချိုလားမသိဘူး ... မြည်းကြည့်ရမယ် "
" Reyဆက်လျှံ ... ခင်ဗျားဘာလုပ်တာလဲ ... မစားနဲ့လေ အဲ့အသီးတွေ "
YOU ARE READING
𝑴𝒚 𝑹𝒆𝒚 [Completed]
Romanceခင်ဗျားနဲ့တော့ Reyဆက်လျှံရယ် ... ဆိုးလိုက်တာ ခင်ဗျားနဲ့တော့ Reyဆက်လျှံရယ် ... ဆိုးလိုက်တာ