04

11K 952 35
                                    

[Zawgyi]

Rey နှင့် ရှင်းတို့နှစ်ယောက် ဒယ်ဒီရဲ့ရုံးခန်းထဲကိုရောက်တော့ ဒယ်ဒီက အလုပ်စားပွဲရှေ့ကဆိုဖာပေါ်မှာ အကျအနထိုင်နေရင်း နိုင်ငံခြားသတင်းစာတစ်စောင်ကို ဖတ်နေသည်။ သတင်းစာကိုအာရုံစိုက်နေသည့် ဒယ်ဒီက Rey တို့ ဝင်လာတာကို သတိထားမိပုံမပေါ်တာကြောင့် Rey ကပဲ ဦးဆောင်ပြီးအသံပြုလိုက်သည်။

" ဒယ်ဒီ ~ သားတို့ရောက်ပြီ "

Rey ရဲ့ ခေါ်သံကြားမှ သတိဝင်လာသည့် ဒယ်ဒီက Rey တို့ကို လှည့်ကြည့်ရင်း ပြုံးပြလာသည်။ ပြီးသည်နှင့် လက်ထဲက ဖတ်လက်စသတင်းစာကို ခေါက်လိုက်ရင်း စားပွဲပေါ်ပြန်တင်လိုက်သည်။

" လာကြလေ သားတို့ "

" ဟုတ် ဒယ်ဒီ "

Rey က ပြုံးပြုံးရွှင်ရွှင်တုံ့ပြန်လိုက်ရင်း အဖေဖြစ်သူထိုင်နေသည့် ဆိုဖာရဲ့ညာဘက်ထောင့်မှာ ဝင်ထိုင်လိုက်သည်။ နောက်ကနေပါလာသည့် ရှင်းက Rey ရဲ့ ဘေးခုံမှာ အသာဝင်ထိုင်လိုက်သည်။

" ဥက္ကဋ္ဌကြီး ခေါ်တယ်ဆိုလို့ပါ "

ရောက်ကတည်းက ဘာစကားမှမပြောပဲ ရှင်းကိုတစ်လှည့် Rey ကိုတစ်လှည့် ပြုံးကာကြည့်နေသည့် ဥက္ကဌကြီးကြောင့် ရှင်း​သော်ခ နေရခက်လာကာ စကားစလိုက်သည်။

" Rey ခေါ်သလို ဒယ်ဒီလို့ပဲခေါ်ပါ မောင်ရှင်းသော်ခရဲ့ ... မိသားစုတွေဖြစ်နေပြီပဲကွာ ... ဒယ်ဒီ့သားလေးကို ဂရုစိုက်ပေးနော် ... သားလေးက မင်းထက်သာအသက်ကြီးတာ ဆိုးတယ် ... အိမ်မှာ သူပဲရှိတာဆိုတော့ ကလေးလုပ်ပြီး ရှိသမျှလူတွေအပေါ် အကုန်ဆိုးနေတာ ... တော်ကြာ အကျင့်ပါပြီး မင်းကိုလည်း အနိုင်ကျင့်ဂျီကျနေဦးမယ် "

" ဒယ်ဒီ !!! "

Rey ဒယ်ဒီရဲ့စကားအဆုံးမှာ မကျေမနပ်သလို အမူအယာနဲ့ အသံစူးစူးလေးက ထွက်လာတာကြောင့် ရှင်း မော့ကြည့်လိုက်သည်။

" ဟဟ ~ ဒယ်ဒီပြောတာ မဟုတ်လို့လား သားငယ်ရဲ့ ... သားအိမ်မှာဆို မေကြည်တို့ရော ဦးထွန်းတို့ရော မိချိုလေးတို့ကိုပါ အနိုင်ကျင့်ပြီးဆိုးနေတာပဲ မဟုတ်ဘူးလား.. ခုအိမ်ထောင်ကျပြီး အိမ်ပြောင်းသွားတော့ ဟိုမှာက ဆိုးစရာ ရှင်း ပဲ ရှိတာဆိုတော့ ရှင်းအပေါ်ပဲ သားက ဆိုးနေမှာ ဒယ်ဒီအသိပဲဟာ "

𝑴𝒚 𝑹𝒆𝒚 [Completed]Onde histórias criam vida. Descubra agora