20

11K 874 90
                                    

[Zawgyi]

ညစာစားပြီးကြတော့ ရှင်းက မေမေ့အခန်းထဲဝင်ကာ မေမေ့ကို ညောင်းညာနေမည်စိုး၍ ခြေထောက်တွေကို နှိပ်ပေးနေမိသည်။ ကုတင်ခေါင်းရင်းကို ကျောမှီထားကာ ခြေဆင်းထားသည့် မေမေက ရှင်းကိုကြည့်ရင်း ဆုတွေလည်း တသီတတန်းကြီးပေးနေသေးသည်။

" အညောင်းပြေရဲ့လား မေ "

" ပြေပါတယ်သားရဲ့ ... မနှိပ်နဲ့တော့လေ ... နှိပ်တာကြာနေပြီဆိုတော့ သားလက်တွေနာနေလောက်ပြီ "

" ရပါတယ် မေရဲ့ ... သားက အခုလိုအချိန်မှသာ မေ့ကို နှိပ်ပေးရတာကို "

" လာပါဦး မေမေ့သားလေး ... ဒီနားမှာထိုင် "

ကုတင်တစ်ဖက်ကိုတိုးပေးရင်း လက်လှမ်းခေါ်နေတာကြောင့် ရှင်းသော်ခက ကုတင်ဘေးမှာထိုင်နေရာကနေ ကုတင်ပေါ်မှာ ပြောင်းထိုင်လိုက်တော့ မေမေက ရှင်းရဲ့လက်တွေကို လာဆုပ်ကိုင်သည်။

" ဒီမှာအလုပ်တွေပင်ပန်းနေလား သား "

" မပင်ပန်းပါဘူး မေရဲ့ ... နည်းနည်းပါးပါးလောက် စိစစ်ကြီးကြပ်ပေးရုံလောက်ပါ "

" Rey လေးနဲ့ရော အဆင်ပြေရဲ့လား "

မေမေ့စကားကြောင့် ရှင်းသော်ခ ခေတ္တနှုတ်ဆိတ်သွားသည်။ နှစ်ယာက်ကြားကအခြေအနေကို မေမေနားလည်အောင် ဘယ်လိုပြောပြရပါ့မလဲ။

" သားကပဲ အဆင်ပြေအောင်နေပေးပြီး Rey လေးကို ဂရုစိုက်နော် သား "

" သား ... "

" အင်း "

" သားဂရုစိုက်ပါတယ် မေမေ "

" လိမ်မာတယ် "

ဆံပင်တွေကို ထိုးဖွပေးလာသည့် မိခင်ဖြစ်သူကြောင့် ရှင်းသော်ခလည်း ပြုံးရင်းငြိမ်ခံနေလိုက်သည်။

" Rey လေးက လူကြီးမိဘကို သိလည်းသိတတ်တယ်သားရယ် ... ချမ်းသာတဲ့မိသားစုကဆိုပြီး မာန်မာနတွေလည်း မရှိရှာဘူး ... သားနဲ့လက်ထပ်တဲ့ကိစ္စမှာ သားအိမ်ထောင်ဖက်က ယောက်ျားလေးဖြစ်နေရင်တောင် အဲ့လူက Rey မလို့ မေမေသဘောကျရတဲ့အထိပဲသားရဲ့ "

မေမေ့နှုတ်ဖျားဆီကနေ Reyဆက်လျှံအကြောင်းကို ချီးကျူးစကားတွေချည်း ကြားနေရတာကြောင့် ရှင်းသော်ခလည်း ပြုံးရင်းသာနားထောင်နေလိုက်သည်။

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now