[Zawgyi]
မိုးသည်းထန်စွာ ရွာသွန်းနေသည့် ညနေစောင်းအချိန်က အေးစိမ့်စိမ့်နိုင်လှသည်။ တဝေါဝေါနှင့် အားမာန်တကြီး ဆက်တိုက်ရွာသွန်းနေပုံများက ဘယ်ကတည်းက အငြိုးရှိနေခဲ့လဲပင်မသိ။
" မိုးအေးနေတယ်လေ အကို ... အိမ်ထဲမှာလေ ... လေတွေလည်းတိုက်နေတာကို "
အိမ်တံခါးဝက လှေကားထစ်လေးမှာ ငုတ်တုပ်ကလေးထိုင်နေသည့် Reyဆက်လျှံက အပြင်မှာရွာသွန်းနေသည့်မိုးရေတွေကို မျက်စိမလွှဲတမ်း စိုက်ကြည့်နေသည်။
" ဒီကိုရောက်ကတည်းက မိုးဒီလိုရွာတာ ပထမဆုံးလေ မောင်ရဲ့ ... နေရတာလေးကလည်း အေးနေလို့ရယ် "
" အမိုးအောက်မှာထိုင်နေပေမယ့် မိုးပက်တယ်လေ Reyဆက်လျှံရယ် "
" ဟီးဟီး ~ "
ဘာမှပြန်မဖြေပဲ ရယ်သာရယ်နေသည့် Reyဆက်လျှံလေးကြောင့် ရှင်းသော်ခလည်း ဘေးနားက လွတ်နေသည့်နေရာမှာ ဝင်ထိုင်လိုက်သည်။ မိုးရေတွေနှင့်အတူ ခပ်ကြမ်းကြမ်းလေကပါ တိုက်ခတ်နေတာမလို့ ရေမှုန်ရေမွှားတွေက ရှင်းသော်ခကိုလာစင်သည်။
" ကြည့်ရအောင် ... အကိုမိုးရေတွေ စိုနေပြီလား "
" ခြေထောက်လေးနည်းနည်းပဲ မောင် "
" အင်း ... "
ဖြူဖွေးဖွေးခြေဖျားလေးတွေမှာ မိုးရေစက်လေးတွေ တင်ကျန်နေပြီး ဘောင်းဘီရှည်ဝတ်ထားတာကြောင့် အောက်အနားစတွေရေစိုနေသည့် Reyဆက်လျှံက ဘယ်အချိန်ကတည်းက အိမ်ရှေ့မှာထိုင်နေမှန်းမသိ။
" မအေးဘူးလား "
" နည်းနည်းအေးပေမယ့် နေလို့ကောင်းတယ် မောင် "
" အဆိုးလေးလုပ်နေပြန်ပါပြီ "
အင်္ကျီလက်ရှည်အပါးလေး ဝတ်ထားပေမယ့် ချူခြာတတ်သည့် Reyဆက်လျှံကို ရှင်းသော်ခက နည်းနည်းလေးမှ စိတ်မချပါပေ။ အခုတောင် မိုးအေးငွေ့ကြောင့် နှာဖျားလေးတွေက ရဲချင်နေသည်။ သေချာတယ်။ ဒီ Reyဆက်လျှံကလေးက နှာစေးတော့မှာ။
" ဟာ မောင် ... ခြေထောက်ကို မကိုင်ပါနဲ့ "
" ငြိမ်ငြိမ်နေ "
ESTÁS LEYENDO
𝑴𝒚 𝑹𝒆𝒚 [Completed]
Romanceခင်ဗျားနဲ့တော့ Reyဆက်လျှံရယ် ... ဆိုးလိုက်တာ ခင်ဗျားနဲ့တော့ Reyဆက်လျှံရယ် ... ဆိုးလိုက်တာ