💚၁၇💚

414 50 7
                                    

Unicode

Ring~Ring!

ဖုန်းမြည်နေတာမို့ ထုတ်၍ကြည့်လိုက်တော့ Injoon ။

ချက်ချင်းဆိုသလိုကိုင်လိုက်ပြီး …

" ဟယ်လို Injoon "

" Jaemin "

မြတ်နိုးရတဲ့အသံလေးက နားထဲမှာပျားရည်ထက်တောင် ချိုမြိန်လို့နေသေးသည် ။

" Jaeminပြန်မလာသေးဘူးလား "

ပြန်မလာသေးဘူးလား ။

ကျွန်တော်ကသူ့ကိုလိုက်ရှာနေခဲ့တာလေ ။

" မင်းကဘယ်မှာလဲ Injoon "

" အိမ်မှာပေါ့ "

" အိမ်မှာ ။ ဘယ်မှမသွားနဲ့နော် ။ ကိုယ်အခုပြန်လာနေပြီ "

Chaungjaeကို ကားပြန်လှည့်ခိုင်းကာ အိမ်ကိုအမြန်ဆုံးမောင်းစေလိုက်သည် ။

ကျွန်တော့်ရဲ့အသည်းအသက်လေး ဘေးရန်ကင်းကင်းရှိနေတယ်ဆိုတာ အတည်ပြုချင်လှပြီလေ ။

ကားကိုခြံထဲကွေ့ဝင်လိုက်ပြီး ပေါ်တီကိုအောက်မှာ ရပ်လိုက်သည်နှင့် ကားတံခါးကိုတွန်းဖွင့်ကာ အိမ်ထဲသို့ပြေးဝင်လိုက်တော့ နှလုံးသားတစ်ခုလုံးက ရေချမ်းအေးအေး ကမ်းလင့်လို့နေသည် ။

" ရော့ Jaemin အမောပြေသွားအောင် ရေသောက် "

" မင်းအပြုံးတွေနဲ့တင် အမောပြေနေပြီ ။ ရေမလိုဘူး "

" Jaeminက နောက်ကျလိုက်တာ ။ Meetingက ကြာလို့လားဟင် "

" ကိုလေး "

အခန်းထဲကထွက်လာတဲ့ Jisungကြောင့် လူချင်းအနည်းငယ်ပြန်ခွာကာ မေးဆက်ပြလိုက်သည် ။

" ဒီမှာFile ။ RKCဘက်က လက်တွဲလုပ်သင့် မလုပ်သင့် ပြန်စဉ်းစားအုန်းမယ်တဲ့ "

" Meetingက အဆင်မပြေခဲ့ဘူးလား Jaemin "

ကျွန်တော့်အလုပ်ကိစ္စတွေနဲ့ သူ့ကိုစိတ်မညစ်စေချင်တာမို့ Jisungစကားတို့ကို ဥပေက္ခာပြုကာ ခါးအားဖက်ပြီး လှေကားထစ်တွေကို နင်းဖြတ်ပြီး အပေါ်တက်ဖို့ပြင်တော့ ။

" ကိုလေး ဘာလို့အဲ့လောက်အထိ အေးစက်နေရတာလဲ ။ ဒီProject failသွားရင် ကိုလေးဆုံးရှုံးသွားမှာ သိန်းထောင်ဂဏန်းလေးမဟုတ်ဘူးနော် "

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Место, где живут истории. Откройте их для себя