💚 ၄ 💚

533 80 8
                                    

Unicode

" လူကြီး ထည့်စားလေ "

ပန်းကန်ထဲဟင်းတွေခပ်ထည့်ပေးနေသည့် ထိုကလေးလေးက ပြုံးစိစိနှင့် ။

မပြုံးနိုင်တာက ကျွန်တော် ။

ဒီကလေး ဘာအကြံအစည်တွေနဲ့ ကျွန်တော့်နားကိုရောက်လာတာလဲ ။

" လူကြီး "

" ဟဲ့သား ဧည့်သည်ကိုစားပါစေ ၊ ဘယ့်နှယ့် ဘေးကနေ သွားပြီးပေါက်ပေါက်ဖောက်နေတာလဲ "

" ရပါတယ် မာမီရဲ့ ၊ Jaeminnieက သားကိုဆိုရတယ် နော် "

" ကဲ ကြည့် လူကြီးကိုအဲ့လိုတွေ မခေါ်ရဘူးဆိုတာ "

" ကိစ္စမရှိပါဘူး အစ်မရယ် ၊ သူစိတ်ချမ်းသာသလို ခေါ်ပါစေ "

ကြားထဲကနေဝင်ကာ ရနေသည့် Jenoအား တစ်ချက်စိုက်ကြည့်လိုက်သည် ။

" Jeno ကျွန်တော့်ကို သဘက်ခါကျရင် လာကြိုအုန်းနော် "

သဘက်ခါ ။

သူကJenoနဲ့ဘယ်သွားမလို့လဲ ။

" မနက်ဖြန် အားတယ်မလား "

" အားတယ်လေ "

" ဘယ်သွားချင်လဲ ကိုယ်လိုက်ပို့ပေးမယ်လေ "

" ဟင့်အင်း အိမ်မှာပဲ နေမလားလို့ "

" တောက် !! "

ဇွန်းနဲ့ခက်ရင်းအားပစ်ချကာ တောက်ခေါက်လိုက်တော့ နှစ်ယောက်လုံး လှည့်ကြည့်သည် ။

" လူကြီး ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ဘူး "

" အာ Jaeminnie က ငါးကိုမှအရိုးမနွှင်တက်တာ ၊ ပေး ကျွန်တော်လုပ်ပေးမယ် "

ပန်းကန်အားဆွဲကာယူနေသည့် ကလေးလေးလက်ထဲမှ ပန်းကန်ကိုပြန်ကာ ဆွဲယူလိုက်ပြီး ။

" ရတယ် မလိုဘူး "

" သေချာမနွှင်ပဲစားရင် အရိုးဆူးမှာပေါ့ ၊ ပေးပါ "

" မင်းငါ့ကိုတန်းတူမဆက်ဆံနဲ့ ၊ မင်းနဲ့ငါက သက်တူရွယ်တူမဟုတ်ဘူး "

" Jaemin မင်းကလည်း "

" ငါသူ့ကိုပြောနေတာ Jeno ၊ မင်းကိုပြောနေတာ မဟုတ်ဘူး "

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Donde viven las historias. Descúbrelo ahora