💚 ၁၄ 💚

380 55 1
                                    

Unicode

အချစ်ဆိုတာ ဘာကိုဖော်ညွှန်းသလဲ ကျွန်တော်ဆိုတဲ့ကောင်က အသေအချာမသိပါဘူး ။

ကျွန်တော်ခံယူတဲ့အချစ်တစ်ခုက သူ့ကိုပျော်ရွှင်စေချင်တာ ။

သူ့မျက်နှာညှိုးမှာကို ကြောက်ရွံ့တတ်တာ ။

သူ့အပြုံးလေးတွေကို ငေးမောချင်တာ ။

တစ်ခါတစ်လေ ကျွန်တော့်အချစ်က ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ခဲ့တာလား မပြောတတ် ။

သူ့ဆီက ရှိုက်သံသဲ့သဲ့ကိုကြားတော့ ရင်ထဲမှာမီးစနဲ့ထိုးထားသလိုပဲ ။

ကျောခိုင်းကာအိပ်စက်နေတဲ့ ကျောပြင်သေးသေးလေးက တစ်ချက်တစ်ချက် သိမ့်သိမ့်တုန်လို့နေတတ်တယ် ။

ကျွန်တော်နဲ့စကားများတဲ့ညတွေတိုင်းမှာ သူဖြစ်နေကျအရာတွေပေါ့ ။

' မင်းဘာလို့ငိုနေတာလဲ Injun '

ကျွန်တော်မေးတော့ စောင်ကိုခေါင်းအထိလုံအောင်
တင်းတင်းဆွဲခြုံကာ အိပ်ချင်ဟန်ဆောင်ပြန်တယ် ။

' မင်းကိုငါမေးနေတယ်လေ '

စောင်အားဆွဲခွာကာ ကျွန်တော်မေးတော့ မျက်ရည်စွတ်တဲ့ မျက်ဝန်းစိမ်းဖန့်ဖန့်တွေနဲ့ ကြည့်ပြန်တယ် ။

' မင်းဘာဖြစ်ချင်နေတာလဲ Jaemin '

' အဲ့ဒါငါမင်းကိုမေးရမှာ Injun ။ မင်းကိုငါဘာလုပ်လို့ မင်းကမပြီးနိုင်မစီးနိုင် ဖြစ်နေရတာလဲ '

' မင်းကိုငါဘာမှမပြောဘူး '

' မင်းငိုနေတော့ ငါအိပ်လို့မရဘူးလေ '

' ငါမင်းကိုနှောင့်ယှက်မိတဲ့အတွက် စိတ်မကောင်းပါဘူး '

လှဲနေရာမှထကာ ကုတင်ပေါ်ကဆင်းဖို့ပြင်နေတဲ့ သူ့လက်ကိုမိအောင် ကျွန်တော်ဖမ်းဆွဲမိတယ် ။

သူနဲ့ကျွန်တော့်ကြားမှာရှေ့ဆက်ဖို့အတွက် ပွင့်လင်းမှုတွေလိုအပ်တယ်လေ ။

' ငါ့လက်ကိုလွှတ် '

' ငါကမင်းအတွက် ဘာမှမဟုတ်တော့ဘူးလား Injun '

' ဟုတ်တယ် မဟုတ်ဘူးဆိုတာ မင်းကပဲသတ်မှတ်တာမဟုတ်ဘူးလား Jaemin '

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Donde viven las historias. Descúbrelo ahora