💚၁၅💚

383 51 5
                                    

Unicode💚

" Jun "

ခေါ်သံနှင့်အတူပြေးဝင်လာတဲ့ Jenoအား ထိုင်နေရာမှ ကျွန်တော်ငေးကြည့်လိုက်တော့ ဘေးမှာစွေ့ခနဲဝင်ထိုင်ကာ လက်ကိုဆွဲယူလို့နေသည် ။

စိတ်ပူခြင်းတွေ အတိုင်းသားထင်ဟပ်နေတဲ့ သူသာ Jaeminဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ။

" Na Jaeminကွာ "

မချိတင်ကဲရေရွတ်ရင်း သူကကျွန်တော့်လက်ကို ခပ်ဖွဖွဆုတ်ကိုင်ကာ ပတ်တီးစည်းနှောင်ပေးလို့နေသည် ။

" Jeno "

ကျွန်တော်ခေါ်တော့ သူမော့ကြည့်လေသည် ။

" ငါ့အတွက်အမြဲအသင့်ရှိပေးနေတာ ကျေးဇူးတင်ပါတယ် "

" မင်းကိုကူညီခွင့်ရတဲ့ တစ်ဦးတည်းသောသူက ကိုယ်ဖြစ်နေတာကိုပဲ ကိုယ်ကကျေနပ်နေတာပါ "

Jenoအားပြုံးပြကာ လက်တို့ပြန်လည်ရုတ်သိမ်းမိတော့ Jenoက သားကိုကောက်ယူပွေ့ချီကာ မတ်တပ်ထရပ်လေသည် ။

" Jaejunလေးကို ကိုယ်ပဲကျောင်းသွားပို့လိုက်မယ် "

" အင်း ကျေးဇူး "

" မင်းလိုက်ခဲ့ချင်လား "

ကျွန်တော်ခေါင်းညိတ်ပြဖြစ်သည် ။

ခပ်တိုးတိုးဖွင့်ထားတဲ့ သီချင်းသံနှင့်အတူ Jenoက သားကိုပျော်ရွှင်စွာ စနောက်လို့နေသည် ။

သားကလည်း Jenoကိုကြည့်ပြီး ရယ်နေလိုက်တာ မျက်လုံးလေးတွေပိတ်တဲ့အထိ ။

သူတို့အပျော်တွေက ကျွန်တော်ထံကူးစက်တယ်ပဲ ပြောရမလား ။

စိတ်ညစ်စရာတွေ ခဏမေ့ကာ ကျွန်တော်ပါ သူတို့နှင့်အတူ လိုက်လံပြုံးရယ်မိသည် ။

" ပါးပါး "

" ပြောလေ သား "

" ဒယ်ဒီသာ ဦးဦးလိုဆို သိပ်ကောင်းမှာပဲနော် "

Jaeminကို တမ်းတနေတဲ့သားကို စိတ်မကောင်းစွာ ခေါင်းလေးကို ခပ်ဖွဖွနမ်းရှိုက်မိတယ် ။

သားဒယ်ဒီက မာနတွေကြီးလွန်းတာကိုသားရယ် ။

" ဦးဦး "

" ဗျာ "

" သားရဲ့ဒယ်ဒီလုပ်မလား "

" ………… "

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Where stories live. Discover now