💚 ၇ 💚

486 68 4
                                    

Unicode📗

အဖြူရောင်မွေ့ယာခင်းထက် Jaeminပေါ်ခွထိုင်ကာ လည်ပင်းကိုသိုင်းဖက်ထားတဲ့ Injoonရဲ့ခါးကိုတင်းနေအောင်ဖက်ပြီး ရင်ခွင်ထဲမျက်နှာအပ်ကာ ကြိတ်ငိုနေတဲ့ Jaemin ။

နံရံထက်ရှိ ဓာတ်ပုံထဲက ကြည်နူးခြင်းအပြည့်နဲ့ Injunမျက်ဝန်းတွေက ကွေးညွှတ်ကာ ပြုံးရယ်လို့နေသည် ။

Injun ။

ဓာတ်ပုံကိုတစ်လှည့် ဖက်တွယ်ထားသည့် ကောင်လေးကိုတစ်လှည့်မော့ကြည့်ကာ တူမတူ တိုက်၍စစ်ဆေးကြည့်မိတယ် ။

Ring~Ring!!

ဘောင်းဘီအိတ်ကပ်ထဲက မြည်နေသည့်ဖုန်းသံကြောင့် လှုပ်တိလှုပ်ပဲ့ နှိုက်ယူရင်း တစ်ချက်သာကြည့်၍ ဖုန်းချပစ်လေသည် ။

ဘယ်သူမို့လို့ မကိုင်တာလဲ ။

Ring~Ring!!

" ကိုင်လိုက်လေ "

" မကိုင်လည်းရတယ်ဖုန်းပါ "

" ဆက်တိုက်ခေါ်နေတာ အရေးကြီးလို့နေမှာပေါ့ "

" ငါ့အတွက် မင်းလောက်ဘယ်အရာကမှ အရေးမကြီးဘူး Jaemin "

ထိုကောင်လေးစကားကြောင့် ခေါင်းညိတ်ကာ ကျွန်တော်ပြုံးလိုက်သည် ။

" Jaemin "

" အွန်း "

မေးလေးဆက်ကာ ပြန်ထူးတော့ ဘာမှမပြော ။

ကျွန်တော့်အကျီင်္ကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်နေတာမို့ လက်အားဆွဲကာ တားမြစ်လိုက်သည် ။

ဒါကမဖြစ်သင့်ဘူးလေ ။

" Injun "

" ငါကြည့်စရာရှိလို့ပါ "

လက်ကိုဖယ်ကာ အကျီင်္စကိုဆွဲဟပစ်လိုက်ပြီး ကျွန်တော့်ရင်ဘတ်ဖွေးဖွေးပေါ် အတန်ငယ် ငေးစိုက်ကြည့်ရင်း ပြုံးလို့နေသည် ။

" Injun "

ခေါ်သံရဲ့အဆုံး ဝဲဘက်ရင်အုံအား နှုတ်ခမ်းပါးလေးကို တို့ထိကာ ဖိကပ်၍နမ်းရှိုက်လိုက်တာမို့ ကျွန်တော်တစ်ချက်တွန့်လို့သွားရသည် ။

Injunက ငြိမ်သလောက် ဒီကလေးက အတော်ရဲလွန်းသည် ။

" အရမ်းချစ်တာပဲလား "

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Onde histórias criam vida. Descubra agora