💚 ၁၀ 💚

422 59 1
                                    

Unicode

" လူကြီး "

လှုပ်တိလှုပ်ပဲ့ ရုန်းလေမှ တင်းကျပ်စွာဖက်ထားတဲ့ လက်တွေလွတ်ထွက်သွားလေသည် ။

" Sorry ကိုယ် "

" ကိစ္စမရှိပါဘူး ။ လာလေ အောက်ဆင်းရအောင် "

Jaeminလက်အားဆုတ်ကိုင်ကာ ရှေ့မှဦးဆောင်၍ လှမ်းနေရပေမဲ့ စိတ်ထဲမှာမပျော်ရွှင်မိ ။

Jaeminကျွန်တော့်ကို ဦးငယ်လေးနဲ့တူအောင် ဆင်ပေးထားကိုလည်း နည်းနည်းလေးမှ ဘဝင်မကျ ။

ကျွန်တော်က ကျွန်တော်လေ ။

ဘယ်အချိန်အထိ Huang In Junဆိုတဲ့လူတစ်ယောက်ရဲ့ အရိပ်က ကျွန်တော့်ကိုယ်ပေါ်မှာ စွဲထင်နေအုန်းမှာလဲ ။

ရောင်စုံမီးလေးတွေနဲ့ အလှဆင်ထားသည့် ခြံဝန်းလေးက တိတ်ဆိတ်အေးဆေးစွာ ။

ဂတ်စ်မီးဖိုနှင့် Chenleက အသားကင်နေသလို Jisungက အဖျော်ယာမကာတို့အား နေရာချနေသည် ။

" လာ လေ "

" ဒယ်ဒီ "

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ဟိုတစ်နေ့က တွေ့လိုက်တဲ့လူ ။

ဒယ်ဒီ ။

သူက Jaeminသားလား ။

" ဝါး ဒယ်ဒီက တကယ်မိုက်တာပဲ "

Jaeminတစ်ချက်သာစိုက်ကြည့်ပြီး ခုံကိုဆွဲကာ ကျွန်တော့်ကိုထိုင်စေသည် ။

" ထိုင်လေ "

" သူက "

" ကိုယ်က ဒယ်ဒီ့သားလေ Na Jaejunတဲ့ မှတ်ထားနော် ညီလေး "

" ညီလေး "

ခပ်တိုးတိုးကျွန်တော့်ရေရွတ်မှုအဆုံး Jaeminက ရေတစ်ခွက်ကို အချိန်ဆွဲ၍သောက်နေသည် ။

" ဟာ ဖိုးလေးလာပြီ "

ဖိုးလေး ။

ဘယ်သူ့ကိုခေါ်လိုက်မှန်း မပြောပဲနဲ့တောင် ကျွန်တော်တပ်အပ်သိတာမို့ မတ်တပ်ရပ်ဖို့ပြင်လိုက်တော့ Jaeminကဆွဲထားလေသည် ။

" ဘယ်သွားမှာလဲ "

" Jeno "

" ဒီမှာသူ့ကိုမသိတဲ့လူဘယ်သူမှမရှိဘူး ။ အပိုမလုပ်နဲ့ "

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Donde viven las historias. Descúbrelo ahora