💚 ၂ 💚

660 90 2
                                    

Unicode

" ဘယ်လိုဖြစ်တာလဲ Baby "

Honeyရဲ့တိုးတိတ်တိတ်အမေးအား ကျွန်တော်သက်ပြင်းသာချလိုက်သည် ။

" လာ "

ကိုလေးနိုးသွားမှာစိုးလို့ အသံတိတ်ပြောနေကြရင်း Honeyလက်အားဆွဲကာ အပြင်သို့ထွက်စေလိုက်သည် ။

" မပြောချင်တော့ပါဘူး Honeyရယ် "

ရေတစ်ခွက်အား မော့သောက်ရင်း စကားပလ္လင်ခံနေသည့် ကျွန်တော့်ထံက ထွက်လာမယ့် နောက်ဆက်တွဲစကားကို Honeyကမျှော်တလင့်လင့် ။

" ဒီနေ့ ခြံထဲကို
ကောင်လေးတစ်ယောက်
ရောက်လာတယ် "

" အင်း "

" Honey အဲ့ကောင်လေးကိုမြင်ပြီး ကိုလေး ဒီလိုပြန်ဖြစ်သွားတာပဲ "

" အဲ့ကောင်လေးက ဘာဖြစ်နေလို့လဲ "

" Gegeနဲ့ခွဲမရအောင်တူနေတာ Honey ၊ ငါလည်း မြင်မြင်ချင်း အတော်လေးလန့်သွားတာ ၊ ပြီးတော့မှ ကိုလေးကိုမနည်းပြေးဆွဲရတာ "

" အဲ့လိုဆိုရင်တော့ မဖြစ်သေးဘူး Baby ၊ ကိုလေး ပုံမှန်အနေအထားဖြစ်လာဖို့ ကိုယ်တို့နှစ်တွေအများကြီး ကြိုးစားခဲ့ရတာ ၊ အခု ဒီကောင်လေးလုပ်လို့ မိနစ်ပိုင်လေးမှာတင် ကိုလေးဘဝဗြောင်းဆန်ပြန်ပြီ "

" ငါလည်းအဲ့ဒါပဲစိုးရိမ်တာ Honey ၊ အဲ့ကောင်လေးကို ကိုလေးရှေ့ရောက်မလာအောင် ဘယ်လိုလုပ်ရမလဲ မသိဘူး "

" ဦးငယ်နဲ့တိုင်ပင်ကြည့်တာကောင်းမယ်ထင်တယ် "

" မဖြစ်ဘူး Honey ၊ ဦးငယ်ကိုပြောလိုက်မှ သူပါလာရှာနေအုန်းမယ် ၊ သိတယ်မလား ၊ Gegeနဲ့ပတ်သတ်ရင် ဦးငယ်ရော ကိုလေးရောက အနာကျက်သေးတာမဟုတ်ဘူး "

" အဲ့တော့ ဘာလုပ်ကြမလဲ "

" ဒီလိုပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြေရှင်းရမှာပေါ့ ! "

နှစ်ယောက်သား တိုင်ပင်ရင်း ပြိုင်တူသက်ပြင်းချလိုက်သည် ။

ဒီကိစ္စက လွယ်လွယ်လေး မဟုတ်ဘူး ။

__

" ကိုလေး ကျွန်တော်ဆိုင်ကိုမသွားဖြစ်လို့ သွားရမှာနော် "

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Nơi câu chuyện tồn tại. Hãy khám phá bây giờ